close

Air KBZ ‌

close

October 13, 2022

လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုများနှင့် ပတ်သက်၍ MAI နှင့် Air KBZ အရေးပေါ်ထုတ်ပြန်

လေကြောင်းလိုင်းတွေရဲ့ လေယာဉ်ခရီးစဥ်လက်မှတ်တွေကို မသမာသူတွေက အတုအပပြုလုပ်ပြီး ခရီးသည်တွေထံကငွေကြေးရယူ လိမ်လည်ရောင်းချတာတွေရှိနေတဲ့အတွက် သတိထားဝယ်ယူကြဖို့    အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နဲ့  Air KBZ တို့က ဒီကနေ့   အရေးပေါ် အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။

အဆိုပါ လိမ်လည်ရောင်းချနေသူတွေဟာ  လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ်တွေရဲ့ အမည်ကို အလွဲသုံးစားပြုလုပ်ပြီး လည်းကောင်း၊ တဆင့်ခံလက်မှတ်အရောင်းကိုယ်စားလှယ်တွေအဖြစ်  account တွေနဲ့  page တွေမှာ အတုအပပြုလုပ်လို့လည်းကောင်း အယောင်ဆောင် လိမ်လည်နေကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် ခရီးသည်တွေအနေနဲ့  လိမ်လည်ရောင်းချခံရခြင်းမှ ရှောင်ရှားနိုင်ဖို့ မိမိတို့ဝယ်ယူထားတဲ့ လက်မှတ်တွေ မှန်ကန်မှု ရှိ၊ မရှိကို ငွေပေးချေမှုမပြုမီ MAI နဲ့ Air KBZ တို့ရဲ့ တရားဝင် ဝက်ဆိုက် www.maiair.com နဲ့  www.airkbz.com တို့မှာ PNR (သို့) e-ticket number နဲ့ ကိုယ်တိုင်ဝင်ရောက် စစ်ဆေးနိုင်သလို Facebook Messenger မှာလည်း လာရောက်စစ်ဆေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်လူမှုကွန်ရက် account တွေနဲ့  page တွေကနေ နည်းမျိုးစုံနဲ့ အယောင်ဆောင် လိမ်လည်မှုတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး ထိခိုက်နစ်နာတဲ့ ပြည်သူလတွေအတွက် တာဝန်ရှိသူတွေက အရေးယူ ဆောင်ရွက်ပေးခြင်းလည်း မရှိပါဘူး။

13 mins Ago

April 20, 2020

Air KBZ ‌ လေယာဉ်ဖြင့် ခန္တီးမြို့ကို လာသည့်ခရီးသည်များကို Quarantine၂၁ ရက်ထားရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ကို ဧပြီ ၂၀ ရက်နေ့ Air KBZ လေကြောင်းနဲ့ မန္တလေးကနေ လိုက်ပါလာတဲ့ ခရီးသည် ၂၆ ဦးကို ခန္တီးမြို့ COVID-19 ထိန်းချုပ်ရေးအဖွဲ့ကနေ သက်ဆိုင်ရာနေရာ အသီးသီးမှာ စောင့်ကြပ်ကြည့်ရှုလိုက်ပါတယ်။ စစ်ကိုင်းတိုင်းအစိုးအရက တိုင်းခြားက လာသူတွေတွေ Quarantine ၂၁ ရက် ထားရမယ်လို့ ညွှန်ကြားတာကြောင့် အခုလို လုပ်ဆောင်တာလို့ ခန္တီးမြို့ အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ တိုင်းအစိုးရ ညွှန်ကြားစာမှာ တခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ဝင်ရောက်လာသူတွေ ထားရှိရမယ်လို့ တိုင်းအစိုးရ ထုတ်ပြန်ထားပါတယ်။ ခန္တီး-မန္တလေး လေယာဉ်ခရီးစဉ်ကို ၁၀ ရက်ကြာ ရပ်နားထားပြီး ဧပြီ ၂၀ ရက်နေ့မှာ ပြန်လည်စတင်ပြေးဆွဲတာလည်း ဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက် နေ့မှာ မန္တလေး-ခန္တီးလေယာဉ် Air KBZ ခရီးသည် ၂၆ ယောက်ပါခဲ့ကာ ၆ ယောက်ကတော့ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး လဟယ်မြို့က ဖြစ်တာကြောင့် အဲဒီမှာ Quarantine ထားဖို့နဲ့ ဗိုလ်မှူးတယောက်ကိုလည်း စစ်တပ်မှာ Quarantine ထားမှာ ဖြစ်ပါတယ်။ ဘုန်းကြီးတပါးနဲ့ ကျန်အရပ်သားတွေကိုတော့ ခန္တီးမြို့ န.တ.လ သင်တန်းကျောင်းမှာ ထားရှိမှာပါ။ ခန္တီးမှာ ရှိနေတဲ့ ဒေသခံတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စားသောက်ရမှာဖြစ်ပြီး တခြားဒေသက လူတွေအတွက်တော့ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူသွားမယ်လို့ သိရပါတယ်။ “အခုလိုလုပ်တဲ့အတွက် အဆင်မပြေဘူး။  အခုက ကျမတို့က အရေးကြီးခရီး သွားစရာရှိရင် သွားရမယ်။ ခရီးသွားမယ်ဆိုလည်း ကျန်းမာရေးထောက်ခံချက်တွေ ယူသွားခိုင်းရင် ပိုအဆင်ပြေမယ်။ အခု ဒီလိုလုပ်ရင် ခရီးသွားသူတွေအတွက် အဆင်မပြေဘူး ဖြစ်နေတယ်။ ခရီးသွားပြည်သူတွေ အဆင်ပြေအောင် စီစဉ်ပေးသင့်တယ်။ အဲဒီလို ခရီးမသွားစေချင်ရင် လေယာဉ်တွေ ပိတ်လေ။ အခုက မဖြစ်မနေ သွားရမယ့်လူတွေအတွက် အစိုးရအနေနဲ့ ပြန်စဉ်စားသင့်တယ်”လို့ ခရီးသည်တဦးက ပြောပါတယ်။ အောင်ဆန်းမြင့်
2 years Ago
Up