close

Alpine ‎သောက်ရေသန့်

close

March 9, 2022

နာမည်ကြီး Alpine ‎သောက်ရေသန့် စျေးနှုန်းတိုးမြှင့်

မြန်မာပြည်တွင်း လျှပ်စစ်မီး ပုံမှန်မရလို့ ကုန်ထုတ်လုပ်မှုစရိတ်တွေတိုးလာနေချိန်မှာ နာမည်ကြီး သောက်ရေသန့်လုပ်ငန်း Alpine က လာမယ့် မတ်လ ၁၅ ရက်က စတင်ပြီး သူတို့ရဲ့ ထုတ်ကုန် တွေကို ဈေးနှုန်း တိုးမြှင့်သွားမယ်လို့ ကြေညာပါတယ်။

အဘက်ဘက်က တိုးမြင့်လာတဲ့  ကုန်ကျစရိတ်တွေကြောင့်  Alpine 20 Litre ရေစျေးနှုန်းကို တစ်ဘူး ၁၀၀ ကျပ်နှုန်း  တိုးမြှင့်ရောင်းချမယ်လို့ ကုမ္ပဏီက အများပြည်သူသိအောင် ကြေညာထားပါတယ်။

လက်ရှိ အခြေအနေအရ လျှပ်စစ်မီးပုံမှန်မရတာကြောင့် စက်ရုံ အလုပ်ရုံ လုပ်ငန်းတော်တော်များများဟာ မီးစက်တွေနဲ့  ဆက်လက်လည်ပတ်နေရပြီး အခုအခါမှာ လောင်စာဆီစျေးနှုန်းကလည်း အဆမတန်မြင့်တက်လာတာကြောင့်  သူတို့ရဲ့ ထုတ်ကုန်စျေး နှုန်းတွေကို တိုးမြှင့်လာကြပါတယ်။

အဲလိုမျိုး ထုတ်ကုန်စျေးနှုန်းတိုးမြှင့်တဲ့ လုပ်ငန်းတွေ ရှိသလို့ ကုန်ကျ စရိတ်မကာမိတဲ့အတွက် ဆက်လက်မလည်ပတ်နိုင်တော့ဘဲ ရပ်နားထားရတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေလည်း ရှိလာပါတယ်။

ရန်ကုန်မှာ လတ်တလော လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် သောက်သုံးရေ အခက်အခဲနဲ့လည်း ကြုံတွေ့နေကြရပါတယ်။

PHOTO-ALPINE

4 mins Ago
Up