close

Apple Daily

close

June 17, 2021

Apple Daily သတင်းဌာန ဒါရိုက်တာ ၅ ဦးကို ဟောင်ကောင်ရဲ ဖမ်းဆီး

ဟောင်ကောင်ရဲတွေဟာ ဒီမိုကရေစီအားပေးထောက်ခံတဲ့  Apple Daily သတင်းဌာနရဲ့ ဒါရိုက်တာ ၅ ယောက်ကို ဇွန်လ ၁၇ ရက်က ဖမ်းဆီးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ သတင်းဌာနဆိုင်ရာ ပစ္စည်းတွေကို သိမ်းဖို့ ဝရမ်းနဲ့အတူ ဖမ်းခဲ့တာဖြစ်ပြီး ဒါဟာ တရုတ်ပြည်မကြီးအစိုးရကို စွဲစွဲမြဲမြဲ ဝေဖန်သူနဲ့ လူပြိန်းကြိုက် သတင်းဌာနပိုင်ရှင် ဂျင်မီလိုင် အတွက် နောက်ဆုံးထိုးနှက်ချက်လို့ ရိုက်တာ သတင်းဌာနက သုံးသပ်ဖော်ပြပါတယ်။

တရုတ်ပြည်မကြီးအစိုးရက မနှစ်က ပြဋ္ဌာန်းထားတဲ့ အမျိုးသားလုံခြုံရေး ဥပဒေနဲ့ ပတ်သက်တဲ့ အမှုအတွက် သက်သေတွေ ရှာဖို့ ဝရမ်းထုတ်တာလို့ ရဲတွေက ပြောပါတယ်။

ဒါကြောင့် တရုတ်အုပ်ချုပ်တဲ့ ဟောင်ကောင်မှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ် လာခဲ့ကြပါတယ်။

ဒါဟာ ရဲတွေက Apple Dailyသတင်းဌာနရဲ့ ဌာနချုပ်ကို ဒုတိယမြောက် စီးနင်းမှုပါ။ မနှစ်က ဂျင်မီလိုင်ကို နိုင်ငံခြားစစ်တပ်နဲ့ ပူးပေါင်းမှု စွဲချက်နဲ့ ဖမ်းဖို့ ရဲအရာရှိ အယောက် ၂၀၀ လောက် လာရောက်စီးနင်းဖူးပါတယ်။

အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုဖို့ ပြည်ပအင်အားစုတွေနဲ့ ဒါမှမဟုတ် နိုင်ငံခြားတိုင်းပြည်တခု နဲ့ ပူးပေါင်းမှု သံသယနဲ့ Apple Daily ရဲ့ ဒါရိုက်တာတွေကို  ဖမ်းဆီးခဲ့တယ်လို့ အမျိုးသား လုံခြုံရေး ရဲတွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမျိုးသား လုံခြုံရေးဥပဒေအရ  အဖျက်အမှောင့်လုပ်ရပ်၊ ခွဲထွက်ရေး ဝါဒ၊ အကြမ်းဖက်ဝါဒနဲ့ နိုင်ငံခြားတပ်တွေနဲ့ ပူးပေါင်းမှု ဘယ်အတွက်မဆို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို ကျခံရ နိုင်ပါတယ်။

9 mins Ago
Up