close

BDF

close

February 1, 2022

ပဲခူးမြို့ အမှတ် ၂ ရဲစခန်း တိုက်ခိုက်ခံရ

စစ်အာဏာရှင်အာဏာသိမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းကို ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခွဲက အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ပဲခူး BDF က ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက ပဲခူး BDF တွေကို လိုက်လံရှာဖွေခဲ့ပေမဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရတဲ့အပြီး  ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တာတွေ ရှိနိုင်တယ်လို့ ပဲခူး BDF က ပြောဆိုပေမဲ့ DVB က သီးခြားအတည်ပြုဖို့ ရဲတပ်ဖွဲ့ဝင်တွေဆီ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

စစ်ကောင်စီ လက်ပါးစေတွေကို အမြစ်ပြတ်သွားတဲ့အထိ ပဲခူး BDF တပ်ဖွဲ့က မဟာမိတ်တပ်ဖွဲ့တွေ နဲ့  ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

2 mins Ago

July 7, 2021

ပဲခူး BDF တပ်မဟာ (၂) အင်အားတိုးချဲ့ဖွဲ့စည်းကြောင်း ကြေညာ

 ပဲခူးပြည်သူ့ကာကွယ်ရေးတပ်က တပ်မဟာ (၂) အင်အားတိုးချဲ့ဖွဲ့စည်းလိုက်ပြီလို့ ဇူလိုင် ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ခုလိုဖွဲ့စည်းလိုက်တာဟာ ပဲခူးတိုင်းဒေသကြီးအတွင်းသာမက မြန်မာတနိုင်ငံလုံးမှာ နေထိုင်တဲ့ ပြည်သူတရပ်လုံးရဲ့  လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် အကြမ်း ဖက်စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ရာမှာ ပိုမိုတာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး တပ်မဟာ (၂) ကို ပဲခူးတိုင်းဒေသကြီးအတွင်းက ခရိုင်တခုမှာ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက်မှုအန္တရာယ်က ကာကွယ်နိုင်ဖို့ ရည်ရွယ်တဲ့ ပဲခူး BDF ကိုတော့ ပြီးခဲ့တဲ့ မေ ၁၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဖက်ဒရယ်တပ်မတော် တည်ထောင်နိုင်ဖို့အတွက် တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ ပြုလုပ်နေပြီး ရှေ့ပြေးပြည်သူ့တပ်မတော် (People Defence Froce) ကို ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနမှာတော့ ပြည် ထောင်စုဝန်ကြီး ဦးရည်မွန်(ခ)မောင်တင်သစ်နဲ့ ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးတို့က ပါဝင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုကတော့ လက်ရှိမှာ NLD ပါတီ ခေါင်းဆောင်တွေကို ဖမ်း ဆီးထားပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) မှ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ထားပြီး အဆိုပါ အဖွဲ့အစည်းတွေကိုလည်း မတရားအသင်းအဖြစ် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာ သိမ်းယူခဲ့တဲ့အပေါ် ပြည်သူတရပ်လုံးက မလိုလားဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၅ လကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြသူတွေ၊ နည်းလမ်းအမျိုးမျိုးနဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြသူတွေ၊ ပြည်သူတွေအပေါ် ဖိနှိပ်တဲ့ အာ ဏာရှင်တွေကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အခြေအနေတွေဟာ ဆက်လက်ပြီးတော့ တင်းမာနေဆဲ ဖြစ်ပါတယ်။

7 months Ago
Up