close

BGF အရာရှိနေအိမ်

close

July 15, 2021

စစ်ကောင်စီလက်အောက်ခံ BGF အရာရှိနေအိမ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ် (BGF) အရာရှိတစ်ဦးရဲ့ နေအိမ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ အဲ့ဒီအရာရှိက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဘီးလင်းမြို့နယ်ထဲမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် ဗိုလ်မှူးခင်မောင်ဝင်းရဲ့ နေအိမ်ခြံဝင်းထဲကို လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပျက်စီးမှုအချို့ ရှိခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာနဲ့ လူသေဆုံးမှု ရှိ မရှိကို DVB က ဆက်လက်စုံစမ်းနေပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီလက်အောက်ခံ BGF အပါအဝင် စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ တို့ မကြာခဏ ဆိုသလို အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။

4 mins Ago
Up