close

BioNTech နှင့် Pfizer

close

December 10, 2021

ကာကွယ်ဆေးသုံးကြိမ်ထိုးပြီးလျှင် အိုမီခရွန်ကို ကာကွယ်နိုင်ဟု BioNTech နှင့် Pfizer ပြော

အာဖရိကကျန်းမာရေး သုတေသနဌာန (AHRI) က ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးဟာ အိုမိခရွန် ဗိုင်းရပ်စ်ကို တစိတ်တပိုင်းသာ အကာအကွယ်ပေးနိုင်တယ်လို့ ပြောလိုက်တဲ့နောက်  BioNTech နဲ့ Pfizer ကုမ္ပဏီကြီးတွေက သူတို့ရဲ့ကာကွယ်ဆေးတွေကို သုံးကြိမ်ထိုးပြီးပါက အဲဒီဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်လို့ ပြောပါတယ်။

အဲဒီ ဂျာမန်နဲ့ အမေရိကန်ဆေးကုမ္ပဏီကြီးတွေက သူတို့ရဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပါက အိုမီခရွန်ကို အပြည့်အဝ ကာကွယ်ပေးဖို့ မသေချာပေမဲ့ ဓာတ်ခွဲ စမ်းသပ်မှုတွေအရ သုံးကြိမ်ထိုးထားပါက ဗိုင်းရပ်စ်သစ်ကို တုံ့ပြန်နိုင်တယ်လို့ ဆိုပါတယ်။

တတိယအကြိမ်ထိုးတဲ့  booster  က  ခန္ဓာကိုယ်ထဲ ပဋိဇီဝကို ၂၅ ဆအထိ မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်။ 

လိုအပ်ရင် ၂၀၂၂ မတ်လမှာ အဆင့်မြင့်ထားတဲ့ ကာကွယ်ဆေးကို ထပ်ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။

အိုမီခရွန် ကိုဗစ်မျိုးကွဲ ဗိုင်းရပ်စ်အသစ်ကို ပြီးခဲ့တဲ့လက တောင်အာဖရိက၊ ဘော့ဇဝါနာ၊ ဟောင်ကောင်တို့မှာ တွေ့ရှိခဲ့ပြီး နောက်ထပ် ကူးစက်ပျံ့နှံ့မှုတွေဖြစ်လာမှာကို တကမ္ဘာလုံးက စိုးရိမ်နေကြတာပါ။

5 mins Ago
Up