close

Body Armor

close

November 2, 2021

ကိုကာကိုလာကုမ္ပဏီက Body Armor အမှတ်တံဆိပ် အချိုရည်ကို ဝယ်ယူ

ကိုကာကိုလာကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈ ဘီလီယံတန်တဲ့ အားကစားသမားတွေ သောက်သုံးတဲ့ အချိုရည် ကုန်အမှတ်တံဆိပ် Body Armor ကို အပြည့်အဝ ထိန်းချုပ်ခွင့်အတွက် အမေရိကန် ဒေါ်လာာ ၅ ဒသမ ၆ ဘီလီယံနဲ့ ဝယ်ခဲ့တယ်လို့ အောက်တိုဘာ ၃၁ ရက် သဝေါစထရိဂျာနယ်မှာ ဖော်ပြပါတယ်။

ဒီကိစ္စကို ရင်းနှီးတဲ့သူတွေကို ကိုးကားပြီး သတင်းဌာနက ကြေညာပြီး ကိုကာကိုလာဟာ ဘော်ဒီအာမာရဲ့ လုပ်ငန်းဝေစု ၃၀ ရာခိုင်နှုန်းကို ပိုင်ပြီးသားပါ။

ခုတော့ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ကုမ္ပဏီတည်တောင်သူတွေဆီက ဝယ်ခဲ့တာလို့ ဝေါစထရိ ဂျာနယ်က ဆိုပါတယ်။

ဒီသဘောတူညီချက်ကို တနင်္လာနေ့မှာ ကြေညာဖို့ မျှော်လင့်တယ်လို့လည်း ဝေါစထရိဂျာနယ်က ပြောပါတယ်။

3 mins Ago
Up