close

Boeing

close

October 16, 2021

ကိုဗစ်ကာကွယ်ဆေးမထိုးချင်သည့် Boeing လေယာဉ်ကုမ္ပဏီဝန်ထမ်းများ ဆန္ဒပြ

Boeing လေယာဉ်ကုမ္ပဏီ၀န်ထမ်း ၂၀၀ လောက်ဟာ လေယာဉ်ကုမ္ပဏီက  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခိုင်းနေတဲ့အပေါ် အောက်တိုဘာ ၁၅ ရက် က ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ 

အမေရိကန် အလုပ်သမားတွေအတွက် သမ္မတဂျိုးဘိုင်ဒန် ထုတ်ပြန်တဲ့အမိန့်အရ ဒီဇင်ဘာ ၈ ရက် နောက်ဆုံးထားပြီး သူ့၀န်ထမ်း ၁၂၅၀၀၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်လိမ့်မယ်လို့ Boeing ကုမ္ပဏီက ပြောကြားထားတာဖြစ်ပါတယ်။

ခုသီတင်းပတ်အစောပိုင်းမှာ Boeing ကုမ္ပဏီဝန်ထမ်းတွေဟာ ကာကွယ်ဆေးထိုးထားတဲ့ အထောက်အထားပြမပြနိုင်ရင် မသန်စွမ်းမှုတခုခု ဒါမှမဟုတ် ဘာသာရေးဆိုင်ရာ ယုံကြည်ချက်တခုခုကို အခြေခံတဲ့ ကျိုးကြောင်းဆီလျော်တဲ့ ထောက်ခံချက်တခုခုကို ဒီဇင်ဘာ ၈ ရက် နောက်ဆုံးထားပြီး ပြသနိုင်ရမယ်လို့ ပြောထားပါတယ်။ 

ဆန္ဒပြပွဲမှာ ၀န်ထမ်းအတော်များများကတော့ သူတို့ ကင်းလွတ်ခွင့်တွေ လျှောက်ထားတယ်လို့ ပြောပါတယ်။ 

လုပ်သက် အနှစ် ၂၀ လောက်ရှိတဲ့ ဘိုးအင်းနည်းပညာဒီဇိုင်းပညာရှင်တယောက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမှာထက်စာရင် အလုပ်သစ်တခုပဲ ရှာလိုက်တော့မယ်လို့ ဆိုပါတယ်။

နောက်တယောက်ကလည်း  မဖြစ်မနေ ဆေးထိုးခိုင်းရင်တော့ စောစော အငြိမ်းစားယူလိုက်တော့မယ်လို့ ပြောပါတယ်။ 

Boeing ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီကိစ္စ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်သွားပါဘူး။ 

အမေရိကန်လူဦးရေအတော်များများက လုံခြုံစိတ်ချရပြီး ကျယ်ကျယ်ပြန့်ပြန့်ရနိုင်တဲ့ ကာကွယ်ဆေးတွေ အထိုးမခံဘဲ ဆက်လက်တင်းခံနေကြတာကြောင့် ဘိုင်ဒန်အစိုးရအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို အနိုင်ယူဖို့ ရုန်းကန်နေရပါတယ်။ 

4 mins Ago
Up