ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် အစိုးရအဖွဲ့ လုပ်ဆောင်ချက်တွေ စိတ်ပျက်ပြီး ဗြိတိန် Brexit ဝန်ကြီး ‘ဒေးဗစ် ဖောရက်စ်’ က စနေနေ့က ရာထူးကနုတ်ထွက်ခဲ့ပါတယ်။
ဗြိတိန်တနိုင်ငံလုံး နေရာအနှံ့ အိုမီခရွန်ဗိုင်းရပ်စ် ပျံ့နေချိန် သူနုတ်ထွက်တာဟာ ဝန်ကြီးချုပ်ကို အကြီးအကျယ် ထိုးနှက်မှုဖြစ်စေပါတယ်။
ဒေးဗစ်ဖောရက်စ်ဟာ ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နုတ်ထွက်ဖို့ မဟာဗျူဟာချရာမှာ အဓိကကျသူပါ။
သူနုတ်ထွက်လိုက်တာက အီးယူနဲ့ လမ်းခွဲပြီးနောက် ဗြိတိန်ရဲ့အနာဂတ်၊ မြောက်အိုင်ယာနဲ့ ဆွေးနွေးမှုတွေအတွက် စိုးရိမ်စရာတွေ ရှိလာပါတယ်။
ဝန်ကြီးချုပ်ဂျွန်ဆင် အစိုးရဟာ ကသောင်းကနင်း ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
ဒေးဗစ်ဖော်ရက်စ်က ဘရစ်ဇစ်ကိစ္စအတွက် စိုးရိမ်စရာမရှိပေမဲ့ အစိုးရသွားနေတဲ့ လက်ရှိ လမ်းကြောင်းကိုတော့ စိုးရိမ်မိသလို တင်းကျပ်တဲ့စည်းကမ်းတွေ လျော့ချဖို့၊ အခွန်လျှော့ကောက်ဖို့၊ စွန့်ဦးတီထွင်လုပ်ငန်းတွေကို အားပေးဖို့၊ ခေတ်သစ်သိပ္ပံနဲ့ စီးပွားရေးမှာ အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဖို့တွေ လိုအပ်နေပြီလို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဂျွန်ဆင်က ဖောရက်စ်ရဲ့ နုတ်ထွက်စာကို လက်ခံပြီး ဝမ်းနည်းစကား ပြောခဲ့ပါတယ်။