close

Burma Revolution Force (Yinmarbin)

close

November 20, 2021

ယင်းမာပင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၃ ဦး ကျည်ထိမှန်၊ ကလေးငယ် ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွာသာယာ​ကျေးရွာမှာ ​နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့ ပစ်ခတ်မှုကြောင့် ​​လေးငယ် ၂ ဦးအပါအဝင်  ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ၁ ဦး ​သေဆုံးသွားတယ်လို့ သိရပါတယ်။

ရွာသာယာ​ကျေးရွာဘက်ကို စစ်​ကောင်စီတပ်ဖွဲ့​တွေ ဝင်​ရောက်လာတဲ့အတွက် ထွက်​ပြေးကြစဉ် ပစ်ခတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၇ နှစ်အရွယ် က​လေးငယ် ၁ ​ယောက်ဟာ ​မြင်းကို အစာ​ကျွေးနေစဉ် ပစ်ခံရတာကြောင့် နဖူးကို ကျည်ရှပ်ထိမှန်ခဲ့ပြီး ဒဏ်ရာက ပြင်းထန်တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ 

အသက် ၁၄ နှစ်ခန့်အရွယ် က​လေးငယ်က​တော့ မျက်စိတည့်တည့်ကို ကျည်​ဖောက်ဝင်သွားတာ​ကြောင့် ​သေဆုံးသွားပြီဖြစ်ပြီး ရင်ညွန့်မှာ ထိမှန်ထားတဲ့သူတစ်​ယောက်ကလည်း ​ဆေးကုသ​နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ ယင်းမာပင်ဘက်က​နေ အဖွဲ့ခွဲကာ ဖြန့်ကြက်လာကြတာဖြစ်ပြီး ယင်းမာပင်မြို့ရဲ့ အ​ရှေ့ဘက်အ​ရောက်မှာ ဆွဲမိုင်း ၁ လုံးထိမှန်ခဲ့တာ​ကြောင့် စစ်​ကောင်စီတပ်သား ၃ ဦး ​သေဆုံးပြီး ၅ ဦးလောက် ဒဏ်ရာရသွားခဲ့တယ်လို့လည်း သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ​​မြောက်ယမားပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(ယင်းမာပင်မြို့)နဲ့ BURMA REVOLUTION FORCE (Yinmarbin) အဖွဲ့တို့ပူး​ပေါင်းပြီး လုပ်​ဆောင်ခဲ့တာလို့ သိရပါတယ်။

2 mins Ago
Up