close

BWC

close

March 17, 2022

ယူကရိန်းရှိ အမေရိကန်ဇီဝဓာတ်ခွဲခန်းများကို လွတ်လပ်စွာစစ်ဆေးခွင့်ပြုရန် တရုတ်တိုက်တွန်း

ယူကရိန်းနိုင်ငံထဲမှာရှိတဲ့ အမေရိကန်ရဲ့ ဇီဝဓာတ်ခွဲခန်းတွေကို နိုင်ငံတကာ ပညာရှင်တွေ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်ရေး ဖွင့်ပေးဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

ဇီဝလက်နက်ဆိုင်ရာ သဘောတူညီချက် (BWC) စိစစ်ရေးယန္တရား ထူထောင်တာကို တားဆီးဖို့ တနိုင်ငံတည်း ရပ်တည်နေတာ ရပ်တန့်ဖို့ကိုလည်း တိုက်တွန်းတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ကျောက်လိကျန်းက မတ် ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံထဲက ဇီဝဓာတ်ခွဲခန်းတွေထဲမှာ လုပ်နေတဲ့ အမေရိကန်ရဲ့ သုတေသန အစီအစဉ်တချို့ကို ရုရှားက နောက်ပိုင်းမှာ ထုတ်ဖော်ဖွင့်ချခဲ့တာပါ။

စီမံကိန်းတွေထဲမှာ တိုက်ကျော်ပျံသန်းတဲ့ ငှက်တွေကနေတဆင့် ကြက်ငှက်ဆိုင်ရာ ဗိုင်းရပ်စ်ပိုးမွှားတွေကို ဖြန့်ဖို့ ဖြစ်နိုင်ချေကို လေ့လာတဲ့ UP-4 စီမံကိန်းလည်း ပါဝင်ပါတယ်။

R-781 စီမံကိန်းကတော့ လူကို ကူးစက်နိုင်တဲ့ ရောဂါပစ္စည်းတွေကို သယ်ဆောင်ဖို့ လင်းနို့တွေကို စဉ်းစားထားတဲ့ စီမံကိန်းလို့ ဆိုပါတယ်။ UP-8 လို့ ကုဒ်နာမည်ပေးထားတဲ့ နောက်ထပ်စီမံကိန်းကတော့ အီဘိုလာဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ ကွန်ဂို ခရိုင်းမီးယား သွေးလွန်အဖျားရောဂါ ဗိုင်းရပ်စ်နဲ့ ဟန်တာဗိုင်းရပ်စ်တို့ကို လေ့လာဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

တိုက်ကျော်ပျံသန်းတဲ့ ငှက်တွေနဲ့ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြား အဆက်အသွယ်ကို လေ့လာရင်း ဇီဝဓာတု လက်နက်တွေကို ထုတ်ဖို့ နည်းလမ်းတွေရရှိရေး အမေရိကန်က ကြိုးစားနေတယ်လို့ ရုရှားကထုတ်ပြန်တဲ့ သက်သေတွေက ပြသထားပါတယ်။

တခြား အနောက်နိုင်ငံတချို့က ယူကရိန်းနိုင်ငံထဲက ဇီဝနမူနာတွေကို စီစဉ်ထားတဲ့ပုံစံနဲ့ အချက်အလက် စုဆောင်း လွှဲပြောင်းနေတယ်၊ ဒါဟာ မတူခြားနားတဲ့ တိုင်းရင်းသား အုပ်စုတွေကို ပစ်မှတ်ထားပြီး ဇီဝသုတေသနလုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်မယ်ဆိုတာ ပြနေတယ်လို့ ဆိုပါတယ်။

တကယ်လို့ အမေရိကန်ဟာ အပြစ်ကင်းကြောင်း သက်သေပြချင်တယ်ဆိုရင် သူ့ရဲ့ ဇီဝစစ်ဘက်လှုပ်ရှားမှုတွေကို တာဝန်ယူတဲ့ အမူအကျင့်မျိုးနဲ့ အပြည့်အဝ စာရင်းရှင်းဖို့ လိုတယ်လို့ တရုတ် နိုင်ငံခြားရေး ပြောခွင့်ရက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံထဲက အမေရိကန်သံရုံးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာကို တုံ့ပြန်တဲ့အနေနဲ့ သူ့ အင်တာနက်စာမျက်နှာပေါ်က စာရွက်စာတမ်းတွေကို ဖျက်ချပစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်က ကမ္ဘာကို အပြည့်အဝ ရှင်းလင်းတင်ပြဖို့ လိုတယ်လို့ ကျောက်လိကျန်းက ပြောပါတယ်။

1 min Ago
Up