close

CDF (ထန်တလန်)

close

June 25, 2021

ည ၉ နာရီနောက်ပိုင်း ထန်တလန်မြို့တွင်း၊ မြို့ပြင် သွားလာခြင်းမပြုရန် CDF (ထန်တလန်) သတိပေး

ချင်းပြည်နယ် ထန်တလန်မြို့မှာ ည ၉ နာရီနောက်ပိုင်း မြို့တွင်း၊ မြိုပြင် သွားလာခြင်း မပြုလုပ်ကြဖို့ CDF (ထန်တလန်) က ဇွန်လ ၂၄ ရက်နေ့ရက်စွဲနဲ့ သဘောထားကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ထန်တလန် မြို့တွင်း၊ မြို့ပြင်မှာရှိတဲ့ မော်တော်ယာဥ်ပိုင်ရှင်တွေအနေနဲ့ ထန်တလန်မြို့ အဝင်အထွက်ပြုလုပ်တာတွေကို CDF (ထန်တလန်) က တာဝန်ရှိသူတွေဆီကို သတင်းပို့ အကြောင်းကြားရမယ်လို့ ဆိုပါတယ်။

မြို့စွန်၊ မြို့ဖျားနေရာတွေမှာ အုပ်စုလိုက် အရက်သောက်စားပြီးတော့ ပြည်သူလူထု အနှောင်အယှက်ဖြစ်အောင် လမ်းပေါ်ထွက် အော်ဟစ်တာတွေမလုပ်ကြဖို့နဲ့ ကောလာဟလ သတင်အမှားတွေ မဖြန့်ကြဖို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့နဲ့ လိုက်နာမှုမရှိတဲ့ ဘယ်သူကိုမဆို CDF (ထန်တလန်) က အရေးယူတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

3 mins Ago
Up