close

CDM စာသင်ကျောင်း

close

June 1, 2021

မိုးကုတ်မြို့နယ်ထဲက ရာနှုန်းပြည့် CDM လုပ်နေသည့် စာသင်ကျောင်း မီးလောင်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက ရာနှုန်းပြည့် အာဏာဖီဆန် CDM လုပ်နေတဲ့ စာသင်ကျောင်းတကျောင်းရဲ့ ဝန်ထမ်းဆောင်တွေ  မေ ၃၁ ရက်ညက မီးလောင်ခဲ့ပါတယ်။ 

ပန်လင်အထက်တန်းကျောင်းမှာ ည ၁၂ နာရီလောက်က ဝန်ထမ်းအိမ်ရာ မီးလောင်ကျွမ်းခဲ့ပြီး ရွာသားတွေ  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပေမဲ့ ဝန်ထမ်းအိမ်ရာ နှစ်ဆောင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘာကြောင့် မီးလောင်တယ် ဆိုတာနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကို  မသိရသေးပါဘူး။

6 mins Ago
Up