close

CDM ဆရာမ၊ ဆရာမ

close

August 28, 2021

ထုတ်ပယ်ခံ မော်လမြိုင်တက္ကသိုလ် CDM ဆရာမ၊ ဆရာမများထံမှ ချေးငွေ ပြန်တောင်း

အာဏာသိမ်း စစ်ကောင်စီဟာ ရာထူးက ထုတ်ပယ်ခံထားရတဲ့ မော်လမြိုင်တက္ကသိုလ် CDM ဆရာမ၊ ဆရာမတွေဆီက ချေးငွေ ပြန်တောင်းနေတယ်လို့ ဆရာ၊ ဆရာမတွေက DVB ကို ပြောပါတယ်။

ဒီချေးငွေကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့မှာ လက်မှတ်ထိုးပြီး ချေးငွေ အမြန်ဆုံးပေးသွင်းကြဖို့ ဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။

ရာထူးက ထုတ်ပယ်ခံထားရတဲ့ ဆရာ၊ ဆရာမတွေက အာဏာသိမ်း စစ်ကောင်စီကို ချေးငွေ ပြန်ဆပ်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

ချေးငွေအား စစ်ကောင်စီကို ပြန်ဆပ်မှာ မဟုတ်ကြောင်းနဲ့ ဒီမိုကရေစီအစိုးရတက်လာမှ ချေးငွေ ပြန်ဆပ်မယ်လို့ ရာထူးမှ ထုတ်ပယ်ခံထားရတဲ့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

ဒီချေးငွေဟာ နိုင်ငံဝန်ထမ်းတွေအတွက် NLD အစိုးရက ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ ဝန်ထမ်း ၂ လစာ ချေးငွေ ဖြစ်ပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန်ခဲ့လို့  CDM ဆရာ၊ ဆရာမ ၂၀၀ ကျော်ကို ရာထူးက ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။

10 mins Ago
Up