close

CDM ပြည်သူ့ရဲတပ်ဖွဲ့

close

July 3, 2022

တမူး CDM ပြည်သူ့ရဲတပ်ဖွဲ့ထံ ပြည်သူကလှူဒါန်းသည့် လက်နက် ထပ်မံရောက်ရှိ

စစ်ကိုင်းတိုင်း၊ တမူးမြို့အခြေစိုက် တမူး CMDပြည်သူ့ရဲတပ်ဖွဲ့အတွက် ပြည်သူလူထုက လှူဒါန်းတဲ့ လက်နက်တချို့ နောက်ထပ်ရောက်ရှိလာတယ်လို့ Fighter Police CDM Tamu တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ဝယ်ယူရတာ ခက်ခဲပြီး သယ်ယူရမှာလည်း လမ်းကြောင်းအခက်အခဲတွေကြောင့် ကြာမြင့်နေတဲ့ လက်နက်တွေ ရောက်ရှိလာပြီလို့ဆိုပါတယ်။

Fighter Police CDM Tamu တာဝန်ရှိသူက “ အလှူရှင်များမှ လှူဒါန်းသော M4 16‌ သေနတ် ၂ လက် ၊ ကျည်ဘောက်(၁၂)၊ M16 A1တစ်လက်၊ ကျည်တောင့် 100 ၊ AK47 ကျည်100တို့ရောက်ရှိလာပါပြီ။‌ တိုက်ပွဲဝင်သေနတ်စုစု‌ပေါင်း ၄ လက်‌ ရှိလာပြီ။ အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နောက်ထပ်လည်း လှူဒါန်းပေးကြပါဦး။"လို့ ပြောပါတယ်။

ဒီထက်ပိုပြည့်စုံတဲ့ လက်နက်တွေရရှိနိုင်ဖို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သရွေ့ပါဝင် လှူဒါန်းကြဖို့နဲ့ မိမိတို့တပ်ဖွဲ့ဘက်မှ စစ်အာဏာရှင်ကျဆုံးရေးအတွက်အစွမ်းကုန်တော်လှန်သွားမယ်လို့တမူး  PDF က ဆိုပါတယ်။

လတ်တလောမှာတော့ တမူးမြို့နယ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်နေမှုကို ခံနေကြရပြီး စစ်ကောင်စီတပ်နဲ့  တမူး PDF တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

တမူးမြို့နယ်နဲ့ ကလေးမြို့နယ်ကြားမှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ထိုးနေပြီး ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေး တင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ ဇွန်လ‌ နှောင်းပိုင်းကစလို့ ကလေး-တမူး လမ်းကြောင်းကို ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ကိုလည်း တမူး PDF က သတိပေးထားပါတယ်။

14 mins Ago

October 7, 2021

အမျိုးသားညီညွတ်ရေးအစိုးရက CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း  အောက်တိုဘာ ၇ ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပတယ်။

ဒီကော်မတီကိုတော့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ ညှိနှိုင်းအစည်းအဝေးကျင်းပကာ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အဆိုပါကြေညာချက်မှာ ပြည်သူ့တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှု ရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ဖို့၊ မိသားစုကြား ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့၊ CDM မပြုလုပ်ရသေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို CDM နဲ့ Pre CDM တွေ ပြုလုပ်လာစေပြီး အနာဂတ်ဖက်ဒရယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး အထောက်အပံ့ဖြစ်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့အတွက် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာကြတဲ့ ပြည်သူ့ဘက်တော်သား စစ်သားတွေ၊ ရဲတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လက်ခံကြိုဆိုနေပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

9 months Ago
Up