close

CDM မီးသတ်ဝန်ထမ်း

close

August 30, 2021

မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ ဖွဲ့စည်း

မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများကိုယ်စားပြုကော်မတီကို တိုင်းဒေသကြီး  ပြည်နယ်များမှာ ကိုယ်စားလှယ် ၁၅ ဦး နဲ့  သြဂုတ် ၂၄ ရက်က ဖွဲ့စည်းကြောင်း ကြေညာပါတယ်။

CDM မီးသတ်ဝန်ထမ်းတွေရဲ့  အရေးကိစ္စ အဝဝကို ဆောင်ရွက်နိုင်ရေး၊  CDM လှုပ်ရှားမှု ဆက်လက်လုပ်ဆောင်နိုင်ရေး၊ ပြည်သူ့ဝန်ထမ်းCDM တွေ ပါဝင်လာနိုင်ရေးတို့ကို ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ(ALL MYANMAR CDM FIRE FIGHTERS REPRESENTATION COMMITTEE) ကိုဖွဲ့စည်းလိုက်တာပါ။  

ကော်မတီအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ အကောင်အထည်ဖော်မှာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဆိုင်ရာလုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ CDM မီးသတ်ဝန်ထမ်းတွေက အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေ မိဘပြည်သူတွေနဲ့  ညှိနှိုင်းကာ ပူးပေါင်းစုပေါင်းခေါင်းဆောင်မှုပုံစံနဲ့ ဆောင်ရွက်မယ်လို့  ထုတ်ပြန်ထားပါတယ်။

CDM မီးသတ်ဝန်ထမ်းတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်မှု မရှိစေဖို့နဲ့ စစ်အာဏာရှင် အပြီးသတ် ချုပ်ငြိမ်းရေးတို့ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။

18 seconds Ago
Up