close

CDM ရဲတပ်ကြပ်ကြီး ဇော်ဝင်းမင်း

close

August 22, 2021

“ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ထွက်ခဲ့ကြပါ” CDM ရဲတပ်ကြပ်ကြီးဇော်ဝင်းမင်း

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ရဲဘော်တွေအနေနဲ့  စစ်အာဏာရှင်လက်အောက်က ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ထွက်လာခဲ့ကြစေချင်တယ်လို့  ပြည်သူနဲ့ပူး​ပေါင်း အာဏာဖီဆန် CDM ပြုလုပ်လာတဲ့  ရဲတပ်ကြပ်ကြီး မောင်သံ(ခ) ဇော်ဝင်းမင်းက ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းက​နေ ထွက်​ပြေးလာစဥ် G3 ​သေနတ်တစ်လက်နဲ့ ကျည်​တောင့် ၁၂၀  သာယူလာပြီး သူ့အပေါ်မှာ စွပ်စွဲထားတဲ့ ​​ရွှေ  ၂ ပိဿာခွဲနဲ့ ငွေကျပ် သိန်း ၄၉၀ ပါ ယူဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ဘူးလို့လည်း ပြောပါတယ်။

တပ်ကြပ်ကြီးဇော်ဝင်းမင်း “လိုင်း​ပေါ်မှာ​တော့ ကျ​နော်လည်း ​တွေ့တယ်။ အဲဒီ​လောက်များများဆိုရင် တခြားအဆင့်​တွေက သိမ်းဆည်းလို့ မရဘူးဗျ။ စခန်းမှူး​တွေ ဘာ​တွေက ကိုယ်တိုင်သိမ်းရတာ​ပေါ့။ ကျ​နော်တို့ ယင်းမာပင်ရဲစခန်းဝင်းထဲမှာ ခရိုင်​ရော၊ မြို့နယ်​ရော ​ပေါင်း​နေတာဆို​တော့ လိုင်း​ပေါ်မှာ တင်ထားသလို ပစ္စည်း​တွေကြ​တော့ မြို့နယ်မှူး၊ ခရိုင်မှူး​တွေက စခန်းမှူးကို တိုက်ရိုက်သိမ်းခိုင်းတယ်ဗျ။ ကျ​​နော်တို့လို အခြားအဆင့်​တွေက ဘာမှ အသုံးမကျတဲ့ သက်​သေခံပစ္စည်း​တွေ​လောက်ပဲသိမ်းရတာ။ အဲဒါနဲ့ပတ်သက်ပြီး ကျ​နော့်အ​နေနဲ့က​တော့ သံသယရှင်းတာ​ပေါ့ဗျာ။ ဒါ​လောက်အများ​တွေက တပ်ဖွဲ့ဝင်​တွေ မသိမ်းရဘူး ဆိုတာ​တော့ ရဲတပ်ဖွဲ့ဝင်​တွေအကုန်လုံး သိတာ​ပေါ့။ ကျ​နော့်ဆီ ပါလာတာက​တော့ G3 ​သေနတ် ၁ လက်နဲ့ ကျည်​တောင့် ၁၂၀ ပဲပါပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်လာတာ။ တာဝန်ကျရင်းဆို​တော့ ယူနီ​ဖောင်း​လေးနဲ့ပဲ ထွက်လာတာ။ အဝတ်အစား​တောင် ဒီလွတ်​မြောက်နယ်​မြေ​ရောက်မှ ဒီကညီအစ်ကို​တွေ ဝယ်​ပေးလို့ ဝတ်ရတာ။”လို့ ပြောပါတယ်။

သူ့နဲ့ ပတ်သက်ပြီး စစ်အုပ်စုက အခုလို သတင်းလွှင့်နေတာ စိတ်ဓာတ်စစ်ဆင်​ရေးလုပ်နေတာ ဖြစ်တယ်လို့လည်း တပ်ကြပ်ကြီး ဇော်ဝင်းမင်းကပြောပါတယ်။  

“အခုလို သတင်း​တွေ လွှင့်တာကလည်း စိတ်ဓာတ်စစ်ဆင်​ရေးနဲ့ တိုက်တာ​နေမှာ​ပေါ့ဗျာ။ ကျ​နော်လည်း ဒီဘက်​ နေမရ​အောင်ဆိုတဲ့ သ​ဘောမျိုးနဲ့။ ဒါမှမဟုတ် ဒီပစ္စည်း​တွေ သိမ်းထားပြီးမှ ကျ​​နော် ဒီလိုလစ်မှ ​မြေနိမ့်ရာ လှံစိုက်သ​ဘောမျိုး​​နဲ့ လှိမ့်ပြီး လုံးထည့်လိုက်တာ​ပေါ့။ ကျ​နော့်အ​နေနဲ့က​တော့ ယုံကြည်တဲ့ ခံယူချက်နဲ့ ထွက်လာခဲ့တာမို့ ပြည်သူ​တွေနဲ့အတူ ​အောင်မြင်​တဲ့အထိ ဆက်လုပ်သွားမှာပါ။ ကျ​နော့်လို ထွက်ချင်​နေတဲ့ ရဲ​ဘော်​တွေလည်း အများကြီးရှိတယ်။ စိတ်မပါဘဲ ​နေ​နေကြရတာ။ ထွက်မယ်ဆို​တော့လည်း ထွက်ခွင့်ကလည်း မရ​တော့ ​ရေလိုက်ငါးလိုက် ​မှေး​နေကြရတာ​ပေါ့၊၊ ကျ​နော့်အ​နေနဲ့ သူတို့ကိုလည်း ထွက်နိုင်ရင်​ ကောင်းတာ​ပေါ့၊ ဘယ်လိုနည်းနဲ့ ထွက်ထွက်​ပေါ့။ ဒီထဲမှာ​တော့ မ​နေ​စေချင်ဘူး​ပေါ့ဗျာ”လို့ ​ပြောပါတယ်။

7 mins Ago
Up