ကရင်ပြည်နယ်အခြေစိုက်၊ အိန္ဒုနယ်မြေရဲစခန်းက ရဲလုပ်သက် ၆ နှစ် ရှိတဲ့ ရဲတပ်သားတယောက်ဟာ စစ်ကောင်စီကို အာဏာဖီဆန် CDM ပြုလုပ်ပြီး Justice soldier PDF (ကျားဖြူတပ်ခွဲ(၅) ဆီ အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
Justice soldier PDF အဖွဲ့ကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် တပ်ဖွဲ့ဝင်သစ်အဖြစ် ကြိုဆိုခဲ့ကြတဲ့ ဓာတ်ပုံတွေကို မျှဝေထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီးနောက် အလင်းဝင်လာသူ များစွာရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုက် Non CDM တွေကို CDM လုပ်ဖို့အတွက် နှိုးဆော်ထားပြီး မလိုက်နာဘူးဆိုရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြောထားခဲ့တာပါ။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေ အပါအဝင် ပြည်သူ့ ဘက်တော်သား ဝန်ထမ်းတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်ကတော့ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို NUG က တိုက်တွန်း နှိုးဆော်ထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) စတဲ့ အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ရဲတပ်သားတယောက်ကို စက်တင်ဘာ ၂၈ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF-ထီးလင်းက ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၆၀ ချီးမြှင့်ပေးအပ်လိုက်ပါတယ်။
ထီးလင်းမြို့မရဲစခန်းက ရဲတပ်သားတယောက်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် PDF-ထီးလင်းကို ဆက်သွယ်ပြီး စက်တင်ဘာ ၈ ရက်က လက်နက်ခဲယမ်းတွေနဲ့ CDM ပြုလုပ်လာတာလို့ PDF-ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူလင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီရဲတပ်သားဟာ G4 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၂၄၈ တောင့်နဲ့ လှံစွပ်တချောင်း ယူဆောင်လာတာကြောင့် PDF-ထီလင်းက ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၆၀ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့ ပူပေါင်းချင်တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဂန့်ဂေါခရိုင်တပ်ရင်း (၂၊ ၄၊ ၁၀) PDF-ထီးလင်းအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုနေပြီး လက်နက်ခဲယမ်းတွေနဲ့ CDM ပြုလုပ်မယ်ဆိုရင် ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်း ရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။