close

CDM ဝန်ထမ်း ၁၈၂ ဦး

close

May 14, 2021

စစ်ကိုင်းတိုင်း ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက CDM ဝန်ထမ်း ၁၈၂ ဦး ရာထူးက ထုတ်ပယ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနလက်အောက်ရှိ ခရိုင်အဆင့် မြို့နယ်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနက ဝန်ထမ်း ၁၈၂ ဦးကို မေ ၁၃ ရက်နေ့က ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

ရာထူးက ထုတ်ပယ်ခံရသူတွေထဲမှာ အရာထမ်း ၁၆ ဦးနဲ့ အမှုထမ်း ၁၆၆ ဦး ပါဝင်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့် ထုတ်ပယ်တာလို့ သိရပါတယ်။

ထုတ်ခံရတဲ့ ဝန်ထမ်းတော်တော်များများဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် အာဏာဖီဆန်လှုပ်ရှားမှု (CDM) လုပ်ထားကြသူတွေဖြစ်ကြပါတယ်။

14 hours Ago
Up