close

CERN-Kachin Team

close

December 19, 2021

ကချင်ပြည်နယ် ဝေးလံဒေသတွင် CERN-Kachin Team က ကျန်းမာရေးစောင့်ရှောက်ပေး (ဓာတ်ပုံ)

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်၊ နောင်မွန်းမြို့နယ်နဲ့ မုန်လန်ဝမ်တုန်ဒေသမှာ  မိဘပြည်သူ ၁၈၀၀ ကျော်ကို အခြေခံကျန်းမာရေးစစ်ဆေးပေးနိုင်ခဲ့တယ်လို့ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့  CERN-Kachin Team က ထုတ်ပြန်ထားပါတယ်။

CERN-Kachin  အဖွဲ့ဟာ  ကချင်ပြည်နယ်မှ၊ လုပ်ငန်းရှင်၊ ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ခရစ်ယာန် ဓမ္မဆရာ၊ ဆရာမတွေ၊ လူငယ်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက  ပုဂ္ဂိုလ်တွေနဲ့စုဖွဲ့ထားတဲ့ လူမှုကူညီရေးအဖွဲ့ ဖြစ်ပါတယ်။

1 min Ago
Up