close

CJ သတင်းထောက်

close

May 18, 2022

နမ့်စန်အခြေစိုက် CJ သတင်းထောက် ၁ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် ပြည်သူပြည်သားသတင်းသမား(CJ) တယောက် ဖြစ်တဲ့  ကိုသန်းစိုးအောင်ကို စစ်ကောင်စီတရားရုံးက ဒီကနေ့ မေလ ၁၈ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်  ချမှတ်လိုက်ပါတယ်။

သတင်းထောက် ကိုသန်းစိုးအောင်ကို မတ်လပိုင်းက စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ-၅၂(က)နဲ့ တရားစွဲဆိုကာ ဒီကနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့လို့ သူနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းသမား ၃ ဦးကို  သတ်ဖြတ်ခဲ့ပြီး ၁၁၅ ဦးကို ဖမ်းဆီးခဲ့ကာ   ၅၇ ဦးကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု အများဆုံး ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယအများဆုံးဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကနေ သိရပါတယ်။

3 hours Ago

July 7, 2021

ပခုက္ကူအခြေစိုက် CJ သတင်းထောက် ၁ ဦးကို ထောင်ဒဏ် ၃ နှစ် ချမှတ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အခြေစိုက် CJ သတင်းထောက် ကိုချစ်မင်းလှိုင်ကို အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၆ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။

ကိုချစ်မင်းလှိုင်ကို အကြမ်းဖက်စစ်အုပ်စုက ဧပြီလ ၂၂ ရက်နေ့က ပခုက္ကူမြို့ အမှတ် ၁၄ ရပ်ကွက်ထဲက ဆိုင်တဆိုင်မှာ ဖမ်းဆီးခဲ့ပြီးတော့ ရာဇသတ်ကြီး  ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့ သူ့သူငယ်ချင်းတစ်ယောက်က DVB ကို ပြောပါတယ်။

ကိုချစ်မင်းလှိုင်ဟာ  အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သတင်းဌာနတချို့ကို နွေဦးတော်လှန်ရေး သတင်းဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတွေကို ရရာနည်းလမ်းနဲ့ စဥ်ဆက်မပြတ်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

11 months Ago
Up