close

CNN သတင်းဌာန

close

October 4, 2022

CNN သတင်းဌာနကို အသရေဖျက်မှုဖြင့် ဒေါ်နယ်ထရမ့် တရားစွဲ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ့ကို အသရေဖျက်မှုနဲ့ CNN သတင်းဌာနကို အောက်တိုဘာ ၃ ရက်က တရားစွဲခဲ့ပါတယ်။

CNN သတင်းဌာနက သူ့အပေါ် "အသရေဖျက်တာနဲ့ ဆဲရေးတာတွေ"  လှုံ့ဆော်မှု အသွင်နဲ့ လုပ်ခဲ့တယ်လို့ အခိုင်အမာပြောပြီး အဲဒီအတွက် နစ်နာကြေး ဒေါ်လာ ၄၇၅ သန်းပေးဖို့   တရားစွဲတာပါ။ 

ထရမ့်က ဖလော်ရီဒါပြည်နယ် ဖို့ဒ်လောက်ဒါဒယ်လ်မြို့မှာရှိတဲ့  ခရိုင်တရားရုံးမှာ တင်ထားတဲ့ စွဲချက်ထဲမှာ CNN ဟာ ထရမ့်ကို နိုင်ငံရေးအရ အနိုင်ယူဖို့ ထိပ်တန်းသတင်း အဖွဲ့အစည်း တစ်ခုအနေနဲ့ သူ့ သြဇာအာဏာကို သုံးခဲ့တယ်လို့ ပြောထားပါတယ်။

CNN ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်တဲ့ ထရမ့်ဟာ CNN က သူ့ကိုဝေဖန်တဲ့ မှတ်တမ်းရှည်ကြီးရှိတယ်လို့ စာမျက်နှာ ၂၉ မျက်နှာရှိ တရားစွဲမှုမှာ အခိုင်အမာပြောဆိုခဲ့ပါတယ်။

CNN သတင်းဌာနက ၂၀၂၄ မှာ ထရမ့် ပြန်အရွေးခံရမှာ ကို စိုးရိမ်လို့ မကြာသေးမီလတွေအတွင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့တယ်လို့လည်းစွပ်စွဲထားပါတယ်။

CNN ဟာ ထရမ့်ကို 'လူမျိုးရေးခွဲခြားမှု၊ ရုရှလက်ပါးစေ' 'သောင်းကျန်းသူ' စတဲ့ အရှုပ်တော်ပုံတွေ၊ အတုအယောင်နဲ့ အသရေဖျက် ဆက်တိုက်စွပ်စွဲနေပြီး နောက်ဆုံးမှာ 'ဟစ်တလာလို ပုံရိပ်ညစ်ညမ်းစေဖို့ ကြိုးပမ်းခဲ့တယ်လို့  စွဲချက်က ဆိုထားပါတယ်။

13 mins Ago
Up