close

Cobra Gold 2023

close

February 28, 2023

စစ်သည်ပေါင်း ၇၀၀၀ ကျော်ပါဝင်သည့် Cobra Gold 2023 ‌စစ်ရေးလေ့ကျင့်မှုစတင် (ဓာတ်ပုံ)

အရှေ့တောင်အာရှဒေသရဲ့ အကြီးမားဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့   Cobra Gold 2023 ‌စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ၊ ရရောင်းခရိုင်၊ ချွန်းဘူရီရှိ ထိုင်းရေတပ်အခြေစိုက်စခန်းမှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ အခမ်းအနားနဲ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

Cobra Gold  စစ်ရေးလေ့ကျင့်မှုကို ထိုင်းနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ် နှစ်စဉ်ကျင်းပတာဖြစ်ပြီး ဒီနှစ် ၄၂ ကြိမ်မြောက်အဖြစ်ကျင်းပရာမှာတော့   ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား ဂျပန်၊ တောင်ကိုရီးယား၊ စတဲ့နိုင်ငံပေါင်း ၃၀ မှ စစ်သည်ပေါင်း ၇၃၉၄ ဦးက  မြေပြင်၊ ပင်လယ်ပြင်၊ လေကြောင်းနဲ့ ဆိုက်ဘာလုံခြုံရေး စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလေ့ကျင့်ကြမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကတော့ ပါဝင်လေ့ကျင့်ခွင့်မရပါဘူး။ 

Photo- Public Relations Office, Directorate of Joint Civil Affairs

1 min Ago
Up