close

COVID19

close

March 10, 2022

Burma Academy တွင် လာမည့် သီတင်းပတ်မှစတင်ပြီး အခမဲ့သင်ကြားနိုင်

တော်လှန်ရေးကာလအတွင်း လက်တွေ့အသုံးချပညာရပ်တွေကို သင်ကြားပေးနိုင်ဖို့အတွက် Burma Academy ဖွဲ့စည်းလိုက်ပြီး လာမယ့် သီတင်းပတ် မတ် ၁၄ ရက်နဲ့ ၁၅ ရက်တွေက စတင်ကာ အခမဲ့ သင်ကြားနိုင်ကြောင်း ကြေညာထားပါတယ်။
ဒါကိုတော့ ကြားကာလ ပညာရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရတနာပုံတက္ကသိုလ်၊ နွေဦးတက္ကသိုလ်၊ ဥဩအင်စတီကျု၊ ဆေးတက္ကသိုလ်မန္တလေး ယာယီတက္ကသိုလ်ကောင်စီနဲ့ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ စတဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လေ့လာသင်ယူနိုင်တဲ့ ပလက်ဖောင်းတခုအနေနဲ့ ပူးတွဲတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျောင်းသားတွေ ကိုယ်တိုင်ဖန်တီးတဲ့ ကြားကာလပညာရေးကို ဖော်ဆောင်ဖို့၊ နိုင်ငံရေး အတွေးအခေါ်နဲ့ လက်တွေ့အသုံးချနိုင်တဲ့ ပညာရပ်တွေကို သင်ကြားပေးခြင်းအားဖြင့် တော်လှန်ရေးကို အထောက်အပံ့ပြုဖို့၊ စစ်အာဏာရှင် ပညာရေး စနစ်ဟောင်းကို ဖြိုဖျက်ပြီး ဒီမိုကရေစီ ပညာရေးစနစ်အသစ်တခု ဖော်ဆောင်ဖို့နဲ့ လူတိုင်း အကျုံးဝင်ပညာရေးကို တည်ဆောက်ဖို့ စတဲ့ ရည်ရွယ်ချက် ၄ ခုနဲ့ Burma Academy သင်ကြားရေး ပလက်ဖောင်းကို တည်ထောင်လိုက်တာပါ။
အွန်လိုင်းသင်ကြားရေးပလက်ဖောင်းအတွက် အသုံးပြုမှာတွေကတော့ https://www.facebook.com/BurmaAcademyPlatform/ နဲ့ http://burma.ac/ ဖြစ်ပြီး တော့ အင်တာနက်စာမျက်နှာတခုထဲမှာ လက်တွေ့ အသုံးချပညာရပ်တွေကို ဝင်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ COVID-19 Capacity Building For Undergrads ၊ ကိုယ်ဝန် ဆောင်ချိန်အတွင်း ကျန်းမာစွာနေထိုင်ခြင်း ၊ Machine Learning ၊ How To Make Hand Sanitizer ၊ Introduction to United Nations and It's Mechanisms ၊ Deep Learning ၊ Combat Medic Training Course ၊ The Importance of Soap and Soap making စ တဲ့ သင်တန်း ၈ ခုကို စတင်ဖွင့်လှစ်ထားပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

3 mins Ago

July 20, 2021

ကယားတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ နီးပါးတိုးလာ၊ ၉ ဦး သေဆုံး

ကယားပြည်နယ်မှာ ဇွန်လ ၂၉ ရက်မှ  ဇူလိုင် ၁၉ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၆ ဦးအထိ ရှိလာပြီး အဲဒီထဲက ၉ ဦး သေဆုံးရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနဲ့ စာရင်းတွေအရ သိရပါတယ်။

အတည်ပြုလူနာ ၁၉၆ ဦးထဲက ၁၇၇ ဦးဟာ လွိုင်ကော်ပြည်သူ့ဆေးရုံမှာဖြစ်ပြီး ဖရူဆိုမြို့နယ်က ၆ ဦး၊ ဘောလခဲ့မြိုနယ်က ၁၂ ဦးနဲ့ ဖားဆောင်းမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။

ဇူလိုင် ၁၉ ရက် ညနေ ပြည်နယ်ကျန်းမာရေးဌာနရဲ့စာရင်းအရ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ အတည်ပြုလူနာ ၁၂၆ ဦး ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ၄၃ ဦး ဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။

8 months Ago
Up