close

Dickens and Madson

close

July 15, 2021

စစ်ကောင်စီက ငှားရမ်းခမပေးနိုင်သဖြင့် အစ္စရေး-ကနေဒါလော်ဘီလုပ်ငန်း ရပ်ဆိုင်း

အာဏာသိမ်း စစ်ကောင်စီက လော်ဘီအနေနဲ့ ငှားရမ်းထားတဲ့ အစ္စရေး-ကနေဒါလော်ဘီလုပ်ငန်း အရီ ဘန်မန်နာရှီက သူ့တို့ကို  စစ်အုပ်စုက ငှားရမ်းခ ဆက်လက် မပေးနိုင်တော့တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီလို့ ပြောပါတယ်။

သူ့တို့ကို ပြီးခဲ့တဲ့ မတ်လက အမေရိကန်ဒေါ်လာ ၂သန်းနဲ့ အကြမ်းဖက်စစ်အုပ်စုက လော်ဘီအနေနဲ့ ငှားရမ်းခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကာကွယ်ရေးဌာန ထိပ်တန်းတာဝန်ရှိသူ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ဘန်မန်နာရှီရဲ့ Dickens and Madson ကုမ္ပဏီတို့ လက်မှတ်ရေးထိုးသဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့်  သူ့ရဲ့ ဝန်ဆောင်ခ  လုပ်အားခ မရဘဲ ဖြစ်နေတာမို့ ပြီးခဲ့တဲ့လမှာပဲ စစ်အုပ်စုဆီ လုပ်ငန်းရပ်ဖို့ ဘန်မန်နာရှီက အကြောင်းကြားခဲ့တာလို့ Foreign Lobby Report မှာ ဖော်ပြပါတယ်။

      ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က ရိုက်တာသတင်းဌာနနဲ့ ဖုန်းလက်ခံဖြေကြားခဲ့ချိန်မှာ တော့ ဘန်မန်နာရှီက သူ့အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေဆဲ ဖြစ်ပေမယ့် ပိတ်ဆို့အရေးယူမှုတွေကြောင့် လုပ်အားခမရတာကြောင့် လုပ်ငန်းရပ်ဆိုင်း လိုက်ရတာလို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ အလုပ်လုပ်နေစဉ်ကာလအတွင်း ဘန်မန်နာရှီက CNN သတင်းထောက်ကို မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ပေးခဲ့ဖူးပေမယ့် စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ပြီး တခြားလုပ်ဆောင်မှုအသေးစိတ်ကိုတော့ ဖြေကြားဖို့ ငြင်းဆိုထားပါတယ်။

4 mins Ago
Up