close

DKBA ခွဲထွက်အဖွဲ့

close

May 31, 2021

ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးကို DKBA ခွဲထွက်အဖွဲ့ကဖမ်းဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ    ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁ ယောက်ကို DKBA ခွဲထွက်အဖွဲ့က  မေလ ၃၁ ရက် ဒီနေ့လယ် ၁၂ နာရီလောက်က ဖမ်းဆီးလိုက်ပါတယ်။

ဝေါ်လေမြိုင်ရဲစခန်းကရဲ ၃ ယောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁ ယောက်ဟာ  မြန်မာ-ထိုင်းနယ်စပ် ဝေါ်လေမြိုင်ကနေ မြဝတီမြို့ပေါ်ကို ရိက္ခာလာထုတ်တဲ့အချိန် ဝေါ်လေမြိုင် မြဝတီမြို့အသွားလမ်း  မြဝတီမြို့အဝင် သုံးထပ်ကွေ့လမ်းမပေါ်မှာ DKBA ခွဲထွက်အဖွဲ့ ဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင်အဖွဲ့က  ရဲတပ်ဖွဲ့ကားကို တားဆီး စစ်ဆေးဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အဲဒီ့နောက်ပိုင်းမှာတော့  မြဝတီမြို့တွင်းနဲ့  မြို့ပြင်မှာ တပ်ပိုင်းဆိုင်ရာ လုံခြုံရေးတင်းကျပ်ထားပြီး ဆုံဆည်းမြိုင်နဲ့ မြဝတီမြို့အသွားလမ်းကိုတော့ ခရီးသွားလာမှု ယာယီရပ်ဆိုင်းလိုက်ပါတယ်။ 

ဒါ့အပြင် မဲ့ထော်သလေးကျေးရွာ၊ မင်းလက်ပံကျေးရွာ၊ အင်ကြင်းမြိုင်ကျေးရွာ၊ ဖလူးကျေးရွာ အနီးအနားမှာနေထိုင်တဲ့ ပြည်သူတွေကတော့ စစ်ဘေးရှောင်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။

2 mins Ago
Up