DKBA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နာရေး ကြော်ငြာလိုက်ပါတယ်။
ဒီကနေ့ ဇူလိုင် ၂၂ ရက်ထုတ်နေ့စဉ်သတင်းစာတွေမှာ ကလူထူးဘော ကရင်အစည်အရုံး (KKO) မှ စောမိုရှေးအသက် ၅၃ နှစ်ကွယ်လွန်သွားကြောင်းသိရှိရတဲ့အတွက် မိသားစုနဲ့ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့က နာရေးကြော်ငြာထားတာပါ။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီ ၄၃ မိနစ်က ကွယ်လွန်သွားတာဖြစ်ပါတယ်။