close

DKBA စစ်ဦးစီးချုပ် စောမိုရှေး

close

July 21, 2021

DKBA စစ်ဦးစီးချုပ် စောမိုရှေး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ  ကိုဗစ်-၁၉ ရောဂါနဲ့ ဇူလိုင် ၂၁ ရက်  ဒီနေ့မွန်းလွဲပိုင်းက ကွယ်လွန်သွားပါတယ်။ 

စစ်ဦးချုပ် စောမိုရှေးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်လောက်က ကွယ်လွန်သွားတာဖြစ်ပါတယ်။

စောမိုရှေးဟာ ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပါတယ်။  စစ်ဦးစီးချုပ် စောမိုရှေးရဲ့ အလောင်းကိုတော့ DKBA စစ်ဌာနချုပ်ကို သယ်ဆောင်ဖို့   ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

DKBA အဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကနေ ၁၉၉၄ ခုနှစ်မှာစတင် ခွဲထွက်ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ  အခြေစိုက်လှုပ်ရှားနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

1 min Ago
Up