close

DMO-PDF

close

January 24, 2022

အလှူရှင်များကူညီသည့်ငွေများဖြင့် DMO- PDF က CDM ရဲဘော်များကို အလှည့်ကျထောက်ပံ့

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးတပ် DMO- PDF တပ်ဖွဲ့ဆီ ရောက်ရှိနေတဲ့  အကြမ်းမဖက် အာဏာဖီဆန်ရေးလှုရှားမှု (CDM) ပြုလုပ်ထားသူ ၁၇ ယောက်ကို တစ်ဦးလျှင် ငွေကျပ် ၁၀၈၀၀၀ နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။

မိမိ ကိုယ်ကျိုးကို စွန့်ကာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားသူ အမြောက်အမြားဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF ဆီ ဝင်ရောက်လာပြီး စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး ဒီးမောဆို DMO-PDF က ဇန်နဝါရီ ၂၃ ရက်နေ့ ထုတ်ပြန်ထားပါတယ်။ 

အလားတူ ဇန်နဝါရီ ၅ ရက် နေ့တုန်းကလည်း DMO-PDF ဗဟိုကော်မတီက ဦးဆောင်ပြီး အလှည့်ကျထောက်ပံ့ငွေတွေကို CDM ရဲဘော် ၂၉ ယောက်ကို  တယောက် ကျပ်  ၁၀၈၀၀၀ ပထမအကြိမ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်း ပြည်ပရှိ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီပေးမှုကြောင့် CDM ရဲဘော် မိသားစုဝင် စားဝတ်နေရေးအတွက် များစွာအထောက်အကူဖြစ်စေခဲ့ပြီး ဆက်လက်ကူညီ ထောက်ပံ့ပေးကြဖို့ အလှူရှင်တွေကို မေတ္တာရပ်ခံထားပါတယ်။

3 weeks Ago

January 23, 2022

ဒီးမော့ဆိုတွင် ဖမ်းဆီးရမိသည့်မူးယစ်ဆေးများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO- PDF) က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွကို  မီးရှို့ဖျက်ဆီးခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်ပါက လုံးဝလက်သင့်မခံနိုင်ဘူးလို့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

ဒီးမော့ဆိုမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီ ၂၁ ရက်က ဒီးမော့ဆို ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ DMO - PDF က နှစ်ကြိမ်ခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဇန်ဝါရီ ၂၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ WY စိတ်ကြွဆေးပြားတွေဖြစ်ပြီး စုစုပေါင်း ၆၅၄ ပြား ရှိတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆို PDF သတင်းပြန့်ကြားရေးတာဝန်ရှိသူက “အခု ဖမ်းမိတာကတော့ နှစ်နေရာ ဖမ်းမိတာပေါ့။ တစ်နေရာက ၃ ယောက်၊ တစ်နေရာက ၁ ယောက်ပေါ့။ ဒါ ပထမအကြိမ် ပစ္စည်းသိမ်းပြီးဖျက်ဆီးတယ်။ လူတွေကို သတိပေး၊ ပညာပေးပြီး သက်ဆိုင်တဲ့ မိဘဆွေမျိုးဆီ ပြန်အပ်လိုက်တယ်။ နောက်တခါဆို ဒါမျိုးထပ်တွေ့ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာလည်း သတိပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

ကယားပြည်နယ်ဟာ မူးယစ်ဆေးဝါးဝင်ရောက်မှုကို လုံးဝလက်သင့်မခံနိုင်သလို နည်းမျိုးစုံနဲ့ တားဆီးပိတ်ပင်သွားဖို့ အစီစဉ်ရေးဆွဲထားကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကယားပြည်နယ်က လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် မရိုးသားတဲ့ မသမာမှုတွေနဲ့ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်မှန်သမျှကိုလည်း ပြင်းထန်စွာအရေးယူသွားမယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ DMO - PDF က ပြောပါတယ်။

3 weeks Ago
Up