close

Elephant Day

close

March 14, 2022

ထိုင်းတွင် ဆင် ၅၇ ကောင်ကို ဂုဏ်ပြုကျွေးမွေးပြီး ဆင်နေ့ကျင်းပ

ထိုင်းနိုင်ငံ ရုက္ခဗေဒဥယျာဉ်တခုမှာ Elephant Day ကျင်းပပြီး ဆင် ၅၇ ကောင်ကို ဂုဏ်ပြုကျွေးမွေးပွဲ  သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့  တည်ခင်းပေးခဲ့ပါတယ်။

ဆင်များနေ့ကို ပုံမှန်အားဖြင့် မတ်လ ၁၃ ရက်မှာ နိုင်ငံတဝန်း ကျင်းပလေ့ရှိပေမဲ့ အခုနှစ် ကိုဗစ်ကပ်ဘေးကြောင့် အကန့်သတ်နဲ့သာ ကျင်းပတာပါ။ 

ချွန်ဘူရီပြည်နယ် နူန်းနုအပူပိုင်းရုက္ခ‌ဗေဒဥယျာဉ်မှာ ဆင်တွေအတွက် တည်ခင်းထားတဲ့ စားပွဲကြီးက ၈ မီတာ ပတ်လည်ကျယ်ပြီး သစ်သီးပေါင်းစုံနဲ့ ဟင်းသီးဟင်းရွက် ၂ တန်ကျော် ရှိပါတယ်။ 

ထိုင်းမှာ ရှေးယခင်က ဆင်တွေကို လုပ်ငန်းခွင်မှာ အသုံးချခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နိုင်ငံ့ ယဉ်ကျေးမှုအတွက် ဂုဏ်ယူစရာ သင်္ကေတအဖြစ် တရားဝင် သတ်မှတ်ထားပါတယ်။

2 mins Ago
Up