close

Elon Musk

close

April 26, 2022

တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံဖြင့် အီလွန်မက်ခ် ဝယ်မည်

ကမ္ဘာ့ခေါင်းဆောင်တွေအပါအဝင် လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ တွစ်တာ လူမှုကွန်ရက်ကို အီလွန်မက်ခ်က ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူဖို့ ဧပြီ ၂၅ ရက်နေ့မှာ သဘောတူလိုက်ပါတယ်။

အရင်တပတ်ကတည်းက အရောင်းအဝယ် စကားပြောနေခဲ့ပြီး အခုတော့ သဘောတူညီတဲ့ အဆင့်ကို ရောက်လာတာပါ။ ဒီသတင်းကြောင့် တွစ်တာရဲ့ ရှယ်ယာ ဈေးနှုန်းတွေလည်း ၆ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။

အသက် ၅၀ အရွယ် စွန့်ဦးတီထွင်သူ အီလွန်မက်ဟာ တွစ်တာကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်အောင် လုပ်သွားမယ်လို့ ပြောဖူးပါတယ်။

အီလွန်မက်ရဲ့ လက်ရှိပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ၃၀၀ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ 

သူဟာ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီတွေဖြစ်တဲ့ Paypal ပေပယ်၊ တက်စ်လာ Tesla လျှပ်စစ်ကားနဲ့ အာကာသာနည်းပညာကုမ္ပဏီဖြစ်တဲ့ SpaceX ကို ထူထောင်သူ ဖြစ်ပါတယ်။

1 hour Ago
Up