close

End Game-Union

close

November 20, 2021

တော်လှန်ရေးတပ်သား ၁ ဦးအဖြစ်ပါဝင်ကစားနိုင်မည့် ဗွီဒီယိုဂိမ်းသစ် စတင်မိတ်ဆက်

နွေဦးတော်လှန်ရေးကာလအတွင်း မိမိကိုယ်တိုင် တော်လှန်ရေးတပ်သား တယောက်၊ PDF တပ်သားတစ်ယောက်အနေနဲ့ ကစားလို့ရမယ့်  TPS Game ကို Shoot and Support အဖွဲ့က မိတ်ဆက်လိုက်ပါတယ်။

End Game- Union လို့ နာမည်ပေးထားတဲ့  ဗီဒီယိုဂိမ်းကို PDF Gamer နှစ်ယောက်က ရေးဆွဲခဲ့တာပါ။

ဂိမ်းက ရရှိတဲ့ ငွေတွေကို  မြို့ပြပြောက်ကျားတွေနဲ့  ထိုးစစ်ဆင်နွှဲ ခံနေရတဲ့ ရှေ့တန်းနေရာတွေကို လိုအပ်တဲ့ ငွေကြေးနဲ့ ပစ္စည်းရိက္ခာ ထောက်ပံ့ဖို့ ရည်ရွယ်ပြီး ရေးဆွဲခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဂိမ်းမှာ လိုအပ်ချက်လေးတွေ ရှိနေသေးပေမဲ့ ပြည်သူတွေက အားပေးမယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ Feature တွေနဲ့ Update ထပ်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဂိမ်းကစားချင်သူတွေအနေနဲ့ PlayStore ကနေ End Game - Union လို့ ရိုက်ရှာကာ download ပြုလုပ်နိုင်မှာဖြစ်ပြီး အခုလက်ရှိမှာတော့ Android ဖုန်းတွေအတွက်သာ ရရှိနိုင်ဦးမှာ  ဖြစ်ပါတယ်။

18 seconds Ago
Up