close

F-16 တိုက်ခိုက်ရေး လေယာဉ်

close

November 19, 2021

ထိုင်ဝမ်တွင် F-16 တိုက်ခိုက်ရေး လေယာဉ်များ အဆင့်မြှင့်တင်

ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ဟာ အမေရိကန်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နိုဝင်ဘာ ၁၈ ရက်က ချီးကျူးလိုက်ပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး အစိုးရကြား တင်းမာမှု တိုးနေချိန်မှာ ထိုင်ဝမ်ကာကွယ်ရေး တိုးမြှင့်ဖို့ အမေရိကန်ရဲ့ အကူအညီနဲ့ အဆင့်မြှင့်ထားတဲ့ F-16 တိုက်ခိုက်ရေး လေယာဉ်တွေကို သမ္မတက တာဝန်ပေးလိုက်ပါတယ်။

ဒေသတွင်းမှာ အမေရိကန်နဲ့ တရုတ် စစ်တပ်တွေ မကြာခဏ စစ်ရေးလေ့ကျင့်နေတာမို့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်နဲ့ ပတ်သက်လို့ အကြပ်အတည်းကနေ ပဋိပက္ခ ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။

တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် အခိုင်အမာ ပြောနေတာပါ။

အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန် ဆက်ဆံရေး မရှိပေမဲ့ ထိုင်ဝမ်ရဲ့ အကြီးဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ လက်နက် ပံ့ပိုးသူ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆ ဘီလျံတန် F-16 တိုက် လေယာဉ် အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေကို လော့ခ်ဟိဒ် မာတင် ကော်ပိုရေးရှင်းနဲ့ ထိုင်ဝမ်လေကြောင်း အာကာသ လုပ်ငန်း ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းတို့ ဦးဆောင်ခဲ့ပါတယ်။

ထိုင်ဝမ်ဟာ 141 F-16A/B ဂျက်လေယာဉ်တွေကို F-16V တိုက်လေယာဉ် ဖြစ်အောင် အသွင်ပြောင်းခဲ့ပြီး ခုတော့ လေယာဉ် ၆၄ စင်းကို အဆင့်မြှင့်ပြီးပါပြီ။

တရုတ်လေတပ်ကို ပိုကောင်းကောင်း ရင်ဆိုင်နိုင်ဖို့ လေကြောင်း နည်းပညာသစ်တွေ၊ လက်နက်တွေနဲ့ ရေဒါစနစ်တွေပါတဲ့ နောက်ထပ် ၆၆ စီးစာကို မှာယူထားပြီးပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

8 mins Ago
Up