close

FBR အဖွဲ့ဝင် ၂ ဦး

close

March 8, 2022

ဒီးမော့ဆို၌ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် FBR အဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာကို  စစ်ကောင်စီတပ်က မတ်လ ၈ ရက် ဒီမနက်အစာပိုင်း ၂ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့  ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဆောင်ဒူလာ ကက်သလစ်ဘုရားကျောင်းနဲ့ စာသင်ကျောင်း  ပျက်စီးသွားပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး မနက် ၈ နာရီလောက်မှာ Free Burma Ranger အဖွဲ့က ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းသွားရောက်ယူနေစဉ် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့  မှတ်တမ်းယူနေတဲ့ FBR အဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။  

ဒဏ်ရသွားသူ အဖွဲ့ဝင်နှစ်ဦးထဲက တဦးမှာ အမျိုးသမီးဖြစ်ပြီး ဦးခေါင်းမှာ ဒဏ်ရာရရှိတဲ့အတွက် စိုးရိမ်ရတဲ့အနေအထား ဖြစ်တယ်လို့ FBR အဖွဲ့တဦးက ပြောပါတယ်။

“ဆေးကုသမှုခံယူနေပါတယ်။  FBR အဖွဲ့ဝင်ပါ။ သတင်းထောက်မဟုတ်ပါဘူး။ နှစ်ယောက်ထိခိုက်တာ”  လို့ ပြောပါတယ်။

ဆောင်ဒူလာကျေးရွာမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က မနက်အစောပိုင်း ၂ နာရီက လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို မနက် ၉ နာရီလောက်မှာ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့လည်း ဆိုပါတယ်။

မနေ့ မတ်လ ၇ ရက် ၁၂ နာရီလောက်ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာနဲ့ ကုန်းသာရွာကို စစ်ကောင်စီလေတပ်က တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့လို့  ဒေါငံခါး စာသင်ကျောင်းနဲ့ အဆောက်အအုံတချို့ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

12 hours Ago
Up