close

Free Tiger Ranger

close

April 11, 2022

လှိုင်သာယာရှိ စစ်အုပ်စုဒေါက်တိုင် စက်ရုံ ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ စစ်အုပ်စုဒေါက်တိုင် အထည်ချုပ်စက်ရုံတရုံကို ဧပြီ ၁၀ ရက်ညပိုင်းမှာ ရန်ကုန်မြို့ပြပြောက်ကျား ၃ ဖွဲ့ပူးပေါင်းကာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့  Free Tiger Ranger အဖွဲ့က ထုတ်ပြန်ပါတယ်။

လှိုင်သာယာမြို့နယ်၊ ရုံးရှေ့နဲ့ တံတားဖြူမှတ်တိုင်ကြားက အဆိုပါ စက်ရုံဟာ စစ်ကောင်စီတပ်ကို အားပေးထောက်ခံနေတဲ့ စက်ရုံတရုံဖြစ်ပြီးတော့ စစ်ကောင်စီအလိုကျ အလုပ်သမားတွေကို ခေါင်းပုံဖြတ် အနိုင်ကျင့်၊ အလုပ်သမားဥပဒေ ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

ခုလို ဗုံးခွဲတိုက်ခိုက်မှုမှာတော့ လှိုင်သာယာမဟာမိတ်ညီနောင်တပ်စုတွေဖြစ်တဲ့ Free Tiger Ranger၊ Spring Revolution Flame နဲ့ Ygn PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကာ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိ ကိုတော့ အတိအကျ မသိရှိရသေးဘဲ လုပ်ငန်းရှင်တွေရဲ့ အိမ်စီးကား ၆ စီး ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

31 seconds Ago
Up