ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဆည်အရှေ့ဘက်ကမ်းကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ဘက်က ကျေးရွာတွေကို စစ်ဘေး တိမ်းရှောင်လာကြတဲ့ မသန်စွမ်းတွေနဲ့ စစ်ရှောင်ပြည်သူတွေ လိုအပ်နေတဲ့ အခြေခံလူသုံးကုန်တွေကို Fight Till The End (FTTE) လူငယ်အဖွဲ့က ဇွန် ၆ ရက်နေ့က ထောက်ပံ့ကူညီခဲ့ပါတယ်။
FTTE အဖွဲ့ဝင်တဦးက “ဖယ်ခုံမြို့နယ်၊ လွယ်ပေါရွာဘက်မှာ တိုက်ပွဲဖြစ်တော့ အဲဒီအနီးဝန်းကျင်က ကျေးရွာတွေအားလုံး ဘေးလွတ်ရာကို ပြေးရတယ်။ အဲဒီထဲမှာ မသန်စွမ်းတွေလည်း စစ်ဘေးရှောင်တဲ့အထဲ ပါလာတယ်။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတဲ့ သူတို့တွေအတွက် လိုအပ်တာလေးတွေကို တတ်နိုင်သလောက် ကူညီပေးတာပါ” လို့ ပြောပါတယ်။
ဖယ်ခုံမြို့နယ်၊ မိုးဗြဲဆည်အရှေ့ဘက်ကမ်း တိုက်ပွဲကြောင့် ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ အဲဒီထဲက မိသားစု ၂၀၀ ကျော်ကို FTTE လူငယ်အဖွဲ့က အခြေခံလူသုံးကုန်တွေ ကူညီထောက်ပံ့ခဲ့တာပါ။
လွယ်ပေါတိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းက ဖယ်ခုံမြို့ နယ်၊ ဆောင်နန်းခဲရွာ တရွာလုံးက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို အခြားသော လွယ်ပေါရွာ၊ နမ့်ပေါ်လုံ၊ မခေးခမ်း၊ ပိန္နဲကုန်းရွာက နေအိမ်တချို့ကို ဆက်တိုက်မီးရှို့နေပါတယ်။
ဒါ့အပြင် ရွာစောင့်အဖြစ်ကျန်ခဲ့တဲ့ အရပ်သားပြည်သူ ၄ ဦးထက်မနည်းကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့အပြင် ပြည်သူ့နေအိမ်၊ စျေးဆိုင်ခန်းနဲ့ ဂိုဒေါင်တွေကို ဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာတွေ ပြုလုပ်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
Fight Till The End (FTTE) လူငယ်အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန်မြို့မှာ စတင်ဖွဲ့ခဲ့ပြီး စစ်အာဏာရှင်စနစ်အပြီးတိုင် ကျဆုံးရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေကို ထောက်ပံ့ပေးခဲ့တာ မြန်မာကျပ်ငွေသိန်းပေါင်း ၁၀၀၀ ၀န်းကျင်ရှိခဲ့ပြီလို့ အဖွဲ့၀င်တွေက ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဆည်အရှေ့ဘက်ကမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်(PDF) ရဲဘော်တွေရဲ့ကို Fight Till The End (FTTE) လူငယ်အဖွဲ့က မေ ၂၄ ရက်မှာ ထောက်ပံ့ကူညီခဲ့ပါတယ်။
Fight Till The End (FTTE) လူငယ်အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန်မြို့မှာ စတင်ဖွဲ့ခဲ့ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးအတွက် တော်လှန်တိုက်ပွဲဝင် နေကြတဲ့ အင်အားစုတွေကို ထောက်ပံ့ပေးခဲ့တာ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ရှိခဲ့ပြီလို့ အဖွဲ့၀င်တွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့နေတဲ့ FTTE အဖွဲ့၀င်တွေကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားပြီး ရှာဖွေဖမ်းဆီးနေတာကြောင့် အဖွဲ့အားလုံးနီးပါး တိမ်းရှောင်ကြရပါတယ်။
ဖယ်ခုံမြို့နယ်အတွင်းမှာ မေလ ဒုတိယပတ်ကစတင်ကာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိနေပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ပစ္စည်းတွေ ဖောက်ထွင်းယူဆောင်တာတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။