close

FYDF

close

June 26, 2021

ရေးမြို့ FYDF ကို စတင်ဖွဲ့စည်း

ပြည်သူအပေါ် အကြမ်းဖက်နိုင်ထက်စီးနင်းပြုကျင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သုတ်သင်ရှင်းလင်းဖို့  မွန်ပြည်နယ် ရေးမြို့နယ်မှာ ဇွန် ၂၅ ရက်နေ့ ရက်စွဲနဲ့ Feature For Defense Force’s (FYDF) ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

ပြည်သူလူထုအပေါ် မတရားအာဏာလုယူထားပြီး နိုင်ထက်စီးနင်း ပြုကျင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင် အပါအဝင် ပျူစောထီး အုပ်ချုပ်ရေးအဆင့်ဆင့်၊ ဒလန် သူလျှိုတွေကို သုတ်သင်ရှင်းလင်း အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ FYDF က ဆိုပါတယ်။

ပြည်သူလူထုအပေါ် ထိခိုက်စေတဲ့ မည်သည့်လုပ်ရပ်ဖြစ်စဉ်ကို မဆို FYDF အနေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်ပြီး ပြည်သူလူထု အပေါ် ထိခိုက်စေမယ့် လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ရေးမြို့သူ မြို့သားတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှိတဲ့နေရာတွေကနေ ရှောင်ရှားကြဖို့ အသိပေးထားပါတယ်။

7 mins Ago
Up