close

G-20 အစည်းအဝေး

close

July 9, 2022

အမေရိကန်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး ဘာလီကျွန်း G-20 အစည်းအဝေးတွင် တွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအပန်းဖြေကျွန်းပေါ်မှာ ကျင်းပနေတဲ့  G-20 အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဇူလိုင် ၉ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယိနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

ဘာလီမှာကျင်းပတဲ့ G20 ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ဒီတွေ့ဆုံမှုဟာ အောက်တိုဘာလနောက်ပိုင်း သံတမန်တွေကြား ပထမဆုံး လူချင်းတွေ့ဆုံမှု ဖြစ်ပါတယ်။

ဝမ်ယိနဲ့ ဘလင်ကန်ရဲ့ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုဟာ တင်းမာမှုရှိနေတဲ့ အမေရိကန်နဲ့ တရုတ်ရဲ့ဆက်ဆံရေးကို တည်ငြိမ်စေဖို့နဲ့ မရည်ရွယ်ဘဲ ပဋိပက္ခအဖြစ် ကူးပြောင်းခြင်းကို တားဆီးဖို့ ရည်ရွယ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ 

ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးအားသန်မှုကို မထောက်ခံဖို့ တရုတ်နိုင်ငံကို ဝန်ကြီးဘလင်ကန်က ထပ်မံသတိပေးမယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းဖို့နဲ့ သူတို့ရဲ့ဆက်ဆံရေး လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လိုအပ်ကြောင်း သတင်းထောက်တွေကို ပြောဆိုပါတယ်။ 

နှစ်ဘက်စလုံးက အငြင်းအခုံဖြစ်နေတဲ့ ထိုင်ဝမ်အရေး၊ တရုတ်ရဲ့ ကျယ်ပြန့်တဲ့ တောင်တရုတ်ပင်လယ် တောင်းဆိုမှုတွေ အပါအဝင် ပစိဖိတ်ဒေသတစ်လျှောက် ပေကျင်းရဲ့ သြဇာလွှမ်းမိုးမှုကိုချဲ့ထွင်ဖို့ လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေး အခွန်အခစတဲ့ ပြဿနာတွေ ဖြေရှင်းကြလိမ့်မယ် လို့လည်း ဆိုပါတယ်။ 

ဘယ်လိုပဲဖြစ်စေ နှစ်ဖက်စလုံးကတော့ ဆက်ဆံရေးကို တည်ငြိမ်အောင်ထိန်းထားဖို့ စိတ်ဝင်တစား ရှိကြတယ်လို့လည်း ရိုက်တာသတင်းက ရေးပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ လာမယ့် သီတင်းပတ်တွေအတွင်း ထပ်မံပြောဆိုကြဖို့ မျှော်လင့်ထားပြီး စနေနေ့အစည်းအဝေးမှာ မိန့်ခွန်းပြောကြားဖွယ်ရှိကြောင်း  အမေရိကန် အရာရှိတွေက ပြောပါတယ်။

2 mins Ago
Up