close

G-7 နိုင်ငံ

close

March 12, 2022

G-7 နိုင်ငံများက ရုရှားကို အထူးကုန်သွယ်ရေးအဆင့် ရုပ်သိမ်းမည်ဟု အမေရိကန်သမ္မတပြော

G-7 စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေက ရုရှားကို ကုန်သွယ်ရေး အထူးမျက်နှာသာပေးနိုင်ငံအဆင့်ကို ပြန်လည်ရုပ်သိမ်းပြီး ရုရှားရဲ့ ပင်လယ်စာ၊ အရက်၊ စိန်တွေကို တားမြစ်ပိတ်ပင်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာပါတယ်။ 

ဘိုင်ဒင်က  ပူတင်ကို ကျူးကျော်သူ၊ ကျူးကျော်သူလို့ အကြိမ်ကြိမ်ပြောကြားပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့ ကြိမ်းဝါးထားပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားကို ကုန်သွယ်မှု အထူးမျက်နှာသာပေးအဆင့်က ရုပ်သိမ်းတာဟာ ရုရှားစီးပွားရေး နက်နက်ရှိုင်းရှိုင်း ကျဆင်းမှု ဦးတည်သွားလိမ့်မယ်လို့ ပြောပါတယ်။ 

အမေရိကန်အနေနဲ့ ရုရှားကို ပုံမှန် ကုန်သွယ်ရေးဆက်ဆံမှုကနေ ဖယ်ရှားဖို့ဆိုင် အမေရိကန် လွှတ်တော်နှစ်ရပ်ရဲ့ ထောက်ခံအတည်ပြုမှု လိုအပ်ပါတယ်။ 

အခု အိမ်ဖြူတော်က ဥပဒေပြုအမတ်တွေနဲ့ အတူလက်တွဲပြီး ရုရှားကို ဒဏ်ခတ်အရေးယူဖို့ လုပ်နေတာပါ။ 

၂၀၁၉ မှာ ရုရှားက အမေရိကန်ပြည်ထောင်စုရဲ့  ကုန်သွယ်မှုပါတနာအဆင့် ၂၆ နေရာမှာ ရှိပါတယ်။ 

နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ ၂၈ ဘီလီယံ ရှိခဲ့ပြီး ရုရှားတင်ပို့ပစ္စည်းတွေက ရေနံတွင်းထွက်ပစ္စည်း၊ သတ္တု၊ သံ၊ စတီးလ်၊ ဓာတ်မြေဩဇာနဲ့ အော်ဂင်းနစ်ဓာတုပစ္စည်းတွေပါ။

ရုရှားကို ကုန်သွယ် အထူးအခွင့်အရေးပေးအဆင့်ကနေ ဖယ်ရှားဖို့ အမေရိကန်လွှတ်တော်က မကြာခင်မှာ ဥပဒေအတည်ပြုတော့မှာပါ။

2 mins Ago
Up