close

G20 နိုင်ငံ

close

March 29, 2022

ကမ္ဘာတဝန်းခရီးသွားလုပ်ငန်းများပြန်စရန် G20 နိုင်ငံများဆွေးနွေး

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ (G-20) ရဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ ခရီးသွားလာမှုတွေ ပြန်စတင်ဖို့ စည်းကမ်းပိုင်းဆိုင်ရာ ဆွေးနွေးမှု အစည်းအဝေး စတင်လုပ်နေပြီလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ 

တကမ္ဘာလုံး ခရီးသွားလာမှု ပြန်စတင်နိုင်ဖို့ အားလုံး အဆင်ပြေစေမယ့် စည်းကမ်းစံညွှန်းတွေနဲ့ နည်းပညာရဲ့ အရေးပါမှုတွေကို ဦးစားပေးဆွေးနွေးတယ်လို့ ဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ပြောတာပါ။ 

ဂျားဗားကျွန်း ယိုယာကာတာမြို့မှာ လုပ်တဲ့ အစည်းအဝေးမှာ ကာကွယ်ဆေးထိုးမှု၊ စမ်းသပ်မှု အပါအဝင် နိုင်ငံအသီးသီးရဲ့ ကိုဗစ်-၁၉ မူဝါဒတွေကို စံချိန်စံညွှန်းဖြစ်အောင် အင်ဒိုနီးရှား ဦးဆောင်လုပ်နေတာပါ။ 

အင်ဒိုနီးရှားဟာ အာဆီယံနဲ့ ဥရောပသမဂ္ဂ ဒေသနှစ်ခုကြား ခရီးသွားလာရေး  သဟဇာတဖြစ်စေမယ့် လုပ်ငန်းပိုင်းဆိုင်ရာတွေ အဆိုပြုခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ 

52 seconds Ago
Up