close

Global Fashion

close

May 21, 2021

မီးလောင်ခဲ့သည့် Global Fashion အထည်ချုပ်စက်ရုံ ဝန်ထမ်းများ လူမှုဖူလုံထောက်ပံ့ကြေး ထုတ်ယူနိုင်

ရန်ကုန် လှိုင်သာယာမြို့နယ်က မီးလောင်သွားတဲ့  Global Fashion အထည်ချုပ်စက်ရုံဝန်ထမ်းတွေ  လူမှုဖူလုံရေးထောက်ပံ့ကြေး ထုတ်ယူနိုင်ကြောင်း  မေလ ၁၈ ရက်နေ့စွဲနဲ့ စက်ရုံ ဝန်ထမ်းရေးရာဌာနက ကြေညာထားပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းရှိ GLOBAL FASHION အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ 

စက်ရုံမီးလောင်မှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ စက်ရုံဝန်ထမ်းတွေကို လူမှုဖူလုံရေးထောက်ပံ့ကြေး  ပေးဖို့ရှိပြီး မေလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေ ရုံးချိန်အတွင်း စက်ရုံမှာ ထုတ်ပေးမယ်လို့ အသိပေးကြေညာထားပါတယ်။

ဝန်ထမ်းကိုယ်တိုင် မှတ်ပုံတင် ၊ ဝန်ထမ်းကတ်၊ လူမှုဖူလုံရေးကတ်တွေ ယူဆောင်လာပြီ းထုတ်ယူရမယ်လို့ သိရပါတယ်။

လူစားထုတ်ယူခွင့်မရှိသလို သတ်မှတ်ရက်တွင်း မထုတ်ယူပါကလည်း မိမိတို့ တာဝန်သာဖြစ်တယ်လို့ ဝန်ထမ်းရေးရာက ပြောပါတယ်။

2 mins Ago
Up