close

Grade-4 အတန်းသစ်

close

November 17, 2021

CDM ဆရာ၊ ဆရာမများက Grade - 4 အတန်းများ စတင်ဖွင့်လှစ်သင်ကြားပေးနေ

PiTi - Education စင်တာကနေ ပထမဆုံးဖွင့်လှစ်ထားတဲ့ စတုတ္ထတန်း Grade -4  အတန်းခွဲမှ ကျောင်းသား/သူတွေကို CDM ဆရာ/ဆရာမတွေကိုယ်တိုင် စတင်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေကို သင်ကြားပေးတဲ့အခါမှာ သင်ရိုးတခုတည်း သင်ကြားပေးတာ မဟုတ်ဘဲ စိတ်၀င်တစားရှိအောင် Club Activity တွေနဲ့ ၃ လတာလုံး ကျောင်းသား ကျောင်းသူတွေ ပညာလည်း တတ်မြောက်ပြီး ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်ရအောင် သင်ကြားပေးမှာ ဖြစ်တယ်လို့  PiTi - Education  စင်တာ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျန်ရှိနေတဲ့ အတန်းခွဲတွေနဲ့ ကျောင်းသားလူငယ်တွေအတွက်  ဒီခေတ်မှာ တက်ထားသင့်တဲ့ ပညာရပ်တွေကို ထပ်မံစီစဥ်ဖွင့်လှစ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။ 

စစ်ကျွန်ပညာ‌ရေးကို သပိတ်မှောက်ပြီး နေအိမ်ကနေ အဆက်မပြတ် လေ့လာသင်ယူလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် မိဘတွေအနေနဲ့  PiTi - Education မှာ ကလေးတွေကို ကျောင်းအပ်ပြီး CDM ဆရာ၊ ဆရာမတွေကို ထောက်ပံ့နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

1 min Ago
Up