close

GTI ကျောင်းသား

close

December 23, 2022

ဧရာဝတီမြစ်တွင် GTI ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၂ ဦး ရေနစ်သေဆုံး

သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံမှ ကျောင်းသား/သူတွေ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်က ဧရာဝတီမြစ် အရှေဘက်ကမ်းမှာ ရေဆင်းကူးရာမှ ၃ ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) မှ ကျောင်းသား ၄ ဦး နဲ့ ကျောင်းသူ ၄ ဦးတို့ဟာ မနေ့ နေ့လယ် ၂ နာရီက စက်လှေငှားပြီး ဧရာဝတီမြစ်အရှေဘက်ကမ်းမှာ ရေဆင်းကူးရာမှ ၃ ဦးရေနစ်သေဆုံးခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူတို့လာတာ ၈ ယောက်၊ ဆိုင်ကယ်တွေနဲ့လာတာ။ ပဲ့ထောင်ဆိပ်မှာ ဆိုင်ကယ်တွေအပ်ပြီး စက်လှေငှားပြီး အရှေ့ဘက်ကမ်းမှာ ရေကူးရင်း ရေနစ်သေတာ။" 

ကျောင်းသားတဦးက "ကျောင်းသူရေနစ်နေတာကို ကျောင်းသားက ဆင်းကယ်တယ်၊ သူနစ်သွားတော့ ကျောင်းသူတယောက်က ထပ်ဆင်းကယ်တယ်၊ သူလည်းနစ်သွားတယ်။ အဲ့ကျမှ ကျောင်းအုပ်ကြီးကို ဖုန်းဆက်တာ၊ အားလုံးဝိုင်းရှာတော့မှ အလောင်းတွေပြန်တွေ့တာ" လို့ ရှင်းပြပါတယ်။

သေဆုံးသွားတဲ့ မောင်သီဟစိုး၊ မချောသရဖူစိုး၊ မမေမြတ်နိုးဝေ တို့အား တာဝန်ရှိသူတွေက ညနေပိုင်းမှာ သရက် ဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

10 mins Ago
Up