close

Guys From Chin ဂီတအဖွဲ့

close

April 4, 2022

Guys From Chin ဂီတအဖွဲ့က စစ်ဘေးရှောင်များအတွက် ရူပီး ၇ သိန်းလှူဒါန်း

Guys From Chin ဂီတအဖွဲ့က အွန်လိုင်းပေါ်ကနေ ရန်ပုံငွေရှာဖွေရေး ဖျော်ဖြေပွဲပြုလုပ်ပြီးတဲ့နောက် ရရှိတဲ့ အလှူငွေ ရူပီးငွေ ၇ သိန်း (မြန်မာငွေ သိန်း ၁၆၀ ကျော်) ကို  မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာရ်ရွာမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအတွက် ဧပြီ ၃ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။ 

အဆိုပါ အလှူငွေအားလုံးကို ဇိုခေါ်သာရ်ကျေးရွာအုပ်ချုပ်ရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေက လက်ခံ‌ပေးထားပြီး မြန်မာစစ်ဘေးရှောင်တွေဆီကို  ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ 

ဇိုခေါ်သာရ်ရွာမှာ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နဲ့ ဟိုင်မွှောလ်ကျေးရွာက ပြည်သူတွေ စုစုပေါင်း ၃၀၀၀ လောက် စစ်ဘေးရှောင် ခိုလှုံနေကြရပြီး တချို့က နေရာထိုင်ခင်း အခက်အခဲရှိတဲ့အတွက် ဝက်ခြံတွေနဲ့ ကြက်ခြံတွေမှာ ခက်ခက်ခဲခဲနေထိုင်နေကြရ တာပါ။   

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်ကလည်း မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ကျပီးကျေးရွာက မြန်မာစစ်ဘေးရှောင်တွေအတွက် ရူပီးငွေ ၆ သိန်းကျော်ကို Guys From Chin အဖွဲကိုယ်စား ချင်း နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဒေးဗစ်လိုင်နဲ့ ကောဂီတို့ က သွားရောက်ကူညီပေးအပ်ခဲ့ပါတယ်။ 

3 mins Ago
Up