close

Harry's Bar

close

April 11, 2022

မြန်မာပလာဇာရှိ Harry's Bar ဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခံရ

သပိတ်မှောက်ခံထားရတဲ့ မြန်မာပလာဇာ မြေညီထပ်မှာ ဖွင့်ထားတဲ့ Harry's Bar အရက်ဆိုင်မှာ ဧပြီ ၁၁ ရက် ဒီ ညနေ ၄ နာရီ ခွဲလောက်က  ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး ဆိုင်မှန်တွေကွဲသွားခဲ့ပေမဲ့ လူအထိအခိုက်ရှိမရှိ  မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတစ်ဦးက “ပေါက်တာက အတွင်းဘက်မှာ ပေါက်တာပဲ။ မှန်တွေ ကွဲသွားတယ်။ လူထိခိုက်တာတော့ မကြားဘူး။ ဆိုင်ထိုင်နေတဲ့သူတွေလည်း ရှိနေတယ်။ ပေါက်တာ ၂ ကြိမ်ပေါက်တာ။ ရဲတွေ စစ်သားတွေ ရောက်လာတော့ တကြိမ် အဲ့အနီးနားထပ်ပေါက်တာ”လို့ ပြောပါတယ်။

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတာတော့ လတ်တလော ထုတ်ပြန်ကြေညာတာမတွေ့ရသေးပါဘူး။ ဗုံးပေါက်ကွဲပြီးနောက်မှာတော့ မြန်မာပလာဇာ အနီးတဝိုက်မှာ စစ်သားနဲ့ ရဲတွေက လုံခြုံရေးတင်းကျပ် စစ်ဆေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ 

Harry's Bar ဟာ စစ်တပ်ရဲ့ ဒေါက်တိုင် ခရိုနီစီးပွားရေးလုပ်ငန်းရှင်  ဦးတေဇမိသားစုနဲ့ ဆက်နွှယ်နေတဲ့ ဆိုင်ဖြစ်ပြီး  အာဏာသိမ်းပြီးနောက် ပြည်သူတွေ သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့တဲ့ ဆိုင်တွေထဲက တဆိုင်လည်း ဖြစ်ပါတယ်။

မြန်မာပလာဇာကိုတော့ ပြီးခဲ့တဲ့ နှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်တွေအပေါ် လုံခြုံရေး၀န်ထမ်းတွေက အကြမ်းဖက်ဖမ်းဆီးခဲ့လို့ ပြည်သူတွေက ဆန့်ကျင်သပိတ်မှောက် ထားတာပါ။

ပြည်သူတွေရဲ့ သပိတ်မှောက်ခံထားရတဲ့  မြန်မာပလာဇာအပြင်ဘက် ရေပန်းဧရိယာအနားမှာ   သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက်  ညဈေးတန်းကိုလည်း ဧပြီ ၁ ရက်မှ ၁၇ ရက်ထိ နေ့စဉ် ညနေ ၄ နာရီခွဲမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

12 hours Ago
Up