close

HPAI

close

October 18, 2022

ဥရောပတွင် ကြက်ငှက်တုပ်ကွေးရောဂါ အကြီးမားဆုံးတွေ့ရှိမှု အစီရင်ခံစာ ထုတ်ပြန်

၂၀၂၁-၂၀၂၂ ခုနှစ်မှာ ရောဂါဖြစ်နှုန်းမြင့်တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ (HPAI) ဟာ ဥရောပမှာ ခုချိန်အထိ အကြီးမားဆုံးတွေ့ရှိမှုလို့ ဥရောပ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့  (ECDC)၊ စားနပ်ရိက္ခာ ဘေးကင်းရေး အာဏာပိုင်အဖွဲ့ (EFSA)နဲ့ ဥရောပသမဂ္ဂ ရည်ညွှန်းချက် ဓာတ်ခွဲခန်း တို့က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ပူးတွဲအစီရင်ခံစာထဲက နောက်ဆုံးအချက်အလက်တွေအရ ကြက်ငှက်တွေမှာ ရောဂါဖြစ်ပွားမှု စုစုပေါင်း ၂,၄၆၇ ကြိမ်ရှိပြီး ကူးစက်ခံ မွေးမြူရေးခြံတွေကနေ ကြက်ငှက် ၄၈ သန်းကို သုတ်သင်ရှင်းလင်းခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ဖမ်းထားတဲ့ ငှက်တွေမှာ ကူးစက်ခံ ထောက်လှမ်းမှု ၁၈၇ ခု၊ တောငှက်တွေထဲမှာ ကူးစက်ခံ HPAI ဖြစ်ရပ်ပေါင်း ၃၅၇၃ ခု တွေ့ရှိခဲ့ပါတယ်။

ဒီကပ်ရောဂါဟာ ဥရောပနိုင်ငံ ၃၇ နိုင်ငံကို ထိခိုက်စေခဲ့တာပါ။ ကြက်ငှက်တုပ်ကွေးကပ်ရောဂါဟာ ဥရောပနိုင်ငံအများအပြားမှာရှိတဲ့ ကြက်နဲ့ ကြက်ဥ ဖြန့်ဖြူးရေးအပေါ် သက်ရောက်ခဲ့ပြီး ဈေးနှုန်းတွေ ပိုမြင့်တက်လာတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

12 hours Ago
Up