ကိုဗစ်လူနာတွေကို ပြုစုပေးနေတဲ့ သူနာပြုအတော်များများဟာ အလုပ်ကြောင့် စိတ်ရော ကိုယ်ပါ ချုံးချုံးကျတာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ကြုံတွေ့ ခံစားရတယ်လို့ နိုင်ငံတကာ သူနာပြုများကောင်စီ (ICN) က အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် တချို့သူနာပြုတွေဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝမှာ အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ခံမှုကိုပါ ရင်ဆိုင်နေရတယ်လို့ ICN က ဆိုပါတယ်။
စောင့်ရှောက်ရေးဂေဟာတွေမှာ သူနာပြုတွေနဲ့ တခြားကျန်းမာရေးလုပ်သားတွေအတွက် PPE ဝတ်စုံ မလောက်ငတာတွေက ရှိနေဆဲဖြစ်တယ်လို့ ICN က ဆက်ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပြီး သူနာပြုတွေ ကြုံနေရတဲ့ စိတ်ကျန်းမာရေး ပြဿနာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း နိုင်ငံတကာ သူနာပြုများကောင်စီအကြီးအကဲ ဟောင်းဝပ်ကတ်တန်က ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်နေတဲ့ကာလမှာ စိတ်ကျန်းမာရေး မကောင်းသူတွေနဲ့ မူးယစ်ဆေးစွဲ လူနာတွေကို ပေးနေတဲ့ ဆေးဘက်ဝန်ဆောင်မှုတွေဟာ ထိခိုက်ခဲ့ရပြီး ကိုဗစ်ရောဂါက လူ အတော်များများကို နောက်ထပ် စိုးရိမ်သောကတွေ ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) က ပြောဆိုခဲ့ပါတယ်။
1 year Ago