အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဝန်ထမ်းတွေ ယူကရိန်းနိုင်ငံ အာပင်မြို့ကို ဧပြီ ၁ ရက်က ရောက်ရှိလာပြီး ဒေသခံတွေကို အစားအစာနဲ့ ရှေးဦးသူနာပြုအကူအညီများ ပေးခဲ့ပါတယ်။
ရုရှားကျူးကျော်စစ် စတင်ပြီးကတည်းက ပထမဆုံးအကြိမ် ယူကရိန်းကို ရောက်လာခဲ့တာပါ။
ICRC က မြို့မှာ နေထိုင်နေသေးတဲ့ သက်ကြီးရွယ်အိုတွေ၊ မရွှေ့ပြောင်းနိုင်သူတွေနဲ့ အရေးပေါ်အခြေအနေ ခံစားနေရသူတွေကို ရှေးဦးသူနာပြုအကူအညီတွေ ပေးခဲ့တာပါ။
ICRC ဝန်ထမ်း အယ်လ်ယိုနာက ကိယက်ဗ်မြို့အနီး အာပင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ကြောင့် အပျက်အစီးတွေ များကြောင်း၊ အစားအစာတွေ ဖြန့်ဝေပေးခဲ့ကြောင်းနဲ့ လူ ၃၅၀၀ လောက် အရေးပေါ်အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဧပြီ ၄ နဲ့ ၅ ရက်တွေမှာ ICRC က ယူကရိန်း အခြားမြို့တွေကိုလည်း သွားရောက်မယ်လို့ ပြောပါတယ်။
၁ လကျော်ကြာ ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းပြည်သူ ၁၀ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပေးနေကြရတယ်လို့ သိရပါတယ်။