close

IOC

close

July 5, 2022

ယူကရိန်းကို IOC က အကူအညီ ၃ ဆတိုး ထောက်ပံ့မည်

ရုရှား ကျူးကျော်မှုစချိန်မှာ ယူကရိန်းကို ထောက်ပံ့ဖို့ ထူထောင်ထားတဲ့ IOC ရဲ့ ရန်ပုံငွေကို ဒေါ်လာ ၂ ဒသမ ၅ သန်းကနေ သုံးဆတိုးပေးမယ်လို့ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌက ဇူလိုင် ၃ ရက်မှာ ပြောလိုက်ပါတယ်။

အိုင်အိုစီဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ်က ကိယက်ဗ်မြို့ကို လာရောက်လည်ပတ်ချိန် ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

ယူကရိန်းအားကစားနဲ့ အားကစားဆိုင်ရာ အဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးမှာ ကူညီပေးဖို့ သူတို့ တွေ့ဆုံခဲ့ကြတာပါ။ 

သမ္မတ ဇလန်းစကီးက တင်ပြခဲ့တဲ့ ပြဿနာတွေကို IOC က ဖြေရှင်းဖို့ အဆင်သင့် ရှိတယ်လို့ ဘတ်ချ်က ပြောခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်ထဲမှာ အားကစားသမားတွေနဲ့ နည်းပြ ရှစ်ဆယ့်ကိုးဦး ကျဆုံးခဲ့ပြီး ၁၃ ဦးကို ရုရှားက ဖမ်းဆီးထားတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ပါရီမြို့တော်မှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတွေနဲ့ မီလာနိုကော်တီနာမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတွေအတွက် ယူကရိန်း အိုလံပစ် အသိုင်းအဝိုင်းကို ပံ့ပိုးကူညီသွားမယ်လို့ ဘတ်ချ်က ကတိပြုပါတယ်။

ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း အားကစားသမားအယောက် ၁ သိန်းကျော်ဟာ အားကစား လေ့ကျင့်ဖို့ အခွင့်အလမ်း ဆုံးရှုံးခဲ့ပါတယ်။

အားကစား အခြေခံအဆောက်အဦကြီးတွေ၊ ကျောင်း၊ တက္ကသိုလ်၊ ဒါမှမဟုတ် အားကစားကလပ် အဆောက်အဦတွေအပါအဝင် ယူကရိန်း အားကစားအဆောက်အဦ ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

4 mins Ago

November 22, 2021

တရုတ်ဒုဝန်ကြီးချုပ်၏ လိင်စော်ကားမှုခံခဲ့ရသူ တင်းနစ်မယ် ကျန်းမာစွာရှိဟု IOC ထုတ်ပြန်

တရုတ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တယောက်ရဲ့ လိင်ပိုင်းစော်ကားတာ ခံခဲ့ရတဲ့အကြောင်း ထုတ်ဖော် ပြောဆိုအပြီးမှာ လူမြင်ကွင်းကနေပျောက်နေတဲ့  တရုတ်တင်းနစ်အားကစားမယ် ဖုန်ရွှားနဲ့ အဆက်သွယ်ရပြီလို့ နိုင်ငံတကာအိုလံပစ်ကော်မတီ IOC က ထုတ်ပြန်ပါတယ်။ 

တရုတ်မှာ လူသိများကျော်ကြားတဲ့  တင်းနစ်အားကစားမယ် ဖုန်ရွှားကို နိုင်ငံတကာအိုလံပစ်ကော်မတီ IOC ဥက္ကဋ္ဌက  နိုဝင်ဘာ ၂၁ ရက်မှာ ရုပ်သံဖုန်းနဲ့  ခေါ်ဆိုခဲ့ရာမှာ ဖုန်က ဘေးကင်းပြီး နေကောင်းတယ်လို့ သူ့ကိုပြောခဲ့ကြောင်း IOC က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဖုန်ဟာ တရုတ်အကြီးတန်း အရာရှိတယောက်ရဲ့ လိင်ပိုင်းစော်ကားခံခဲ့ရတဲ့အကြောင်း စွပ်စွဲပြောဆို အပြီး လူမြင်ကွင်းကနေ သီတင်းပတ် ၃ ပတ်ကြာ ပျောက်နေခဲ့လို့ နိုင်ငံတကာက စိုးရိမ်ခဲ့ကြတာပါ။ တနင်္ဂနွေအစောပိုင်းက တရုတ်မြို့တော် ပေကျင်းက ပွဲစဉ်တခုမှာ ပါဝင်နေတဲ့ သူ့ရဲ့ ဓာတ်ပုံနဲ့ ရုပ်သံကို မြင်အပြီး စိတ်ပူပန်တာတွေ  လျော့ကျခဲ့ပါတယ်။

မိနစ် ၃၀ ကြာ ရုပ်သံနဲ့ ဖုန်းခေါ်ဆိုခဲ့ပြီး ဖုန်က သူ့အတွက် စိုးရိမ်ပေးတဲ့ IOC ကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

သူဟာ ပေကျင်းက သူ့အိမ်မှာ ရှိနေပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာကို ခုချိန်မှာ လေးစားပေး စေချင်တယ်လို့ ရှင်းပြခဲ့တယ်လို့လည်း IOC ရဲ့ ကြေညာချက်က ပြောပါတယ်။

ဒါကြောင့် သူဟာ အခု မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ အချိန်ကုန်နေရ တာကို ပိုကြိုက်ပြီး သူသိပ်ချစ်တဲ့ အားကစားဖြစ်တဲ့ တင်းနစ်ကို ဆက်ပြီး ကစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ပုံရိပ်တွေက သက်သေပြရလောက်အောင် မလုံလောက်ဘူးလို့ အမျိုးသမီး တင်းနစ်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီကြေညာချက်ကို ပဲ့တင်ထပ် ပြောဆိုလိုက်ပြီး တင်းနစ်မယ် ဘေးကင်းတာ ပိုသေချာစေဖို့ တရုတ်အာဏာပိုင်တွေက အာမခံ ပေးဖို့ ဆော်ဩခဲ့ပါတယ်။

တရုတ်ဒုဝန်ကြီးချုပ် ကျန်းကို့လီဟာ လွန်ခဲ့တဲ့ နှစ်အတော်များများတုန်းက သူ့ကို လိင်ပိုင်း စော်ကားခဲ့ဖူးတယ်လို့ ဖုန်က တရုတ်လူမှုကွန်ရက် မီဒီယာပေါ်မှာ နိုဝင်ဘာ ၂ ရက်က ရေးခဲ့ပါတယ်။ သူ့ရဲ့ စွပ်စွဲချက်ကို ဒုဝန်ကြီးချုပ်ကရော တရုတ်အစိုးရကပါ မှတ်ချက် မပေးခဲ့ကြပါဘူး။ 

ဒါပေမဲ့ တရုတ်နိုင်ငံက အကြီးအကျယ် ဆင်ဆာဖြတ်တဲ့ အင်တာနက်ပေါ်မှာ ဒီကိစ္စကို ဆွေးနွေးလို့ မရအောင် ပိတ်ဆို့ခဲ့ပြီး ဖုန်ရဲ့ လူမှုကွန်ရက်ပေါ်က စာဟာလည်း ဖျက်ချ ခံခဲ့ရပါတယ်။ 

8 months Ago
Up