close

iPhone 12

close

November 18, 2021

Apple ထုတ်ကုန်ပစ္စည်းများ ကိုယ်တိုင်ပြင်ဆင် ပစ္စည်းလဲလှယ် တပ်ဆင်ခွင့်ပြုမည်

Apple ကုမ္ပဏီရဲ့ ထုတ်ကုန်တွေထဲက iPhone 12, 13 တွေကစပြီး Mac ကွန်ပြူတာတွေ အထိ အသုံးပြုသူတွေအနေနဲ့ ကိုယ့်ဘာသာ ပြုပြင် ပစ္စည်းလဲလှယ်တပ်ဆင်နိုင်ခွင့်ပြုတော့မယ်လို့ Apple က နိုဝင်ဘာ ၁၇ နေ့စွဲနဲ့  ကြေညာပါတယ်။

၂၀၂၂ နှစ်ဆန်းကစပြီး အမေရိကန်ပြည်ထောင်စုကစတင်ခွင့်ပြုသွားပြီး နိုင်ငံတကာ Apple သုံးစွဲသူတွေကိုလည်း ဆက်လက်ခွင့်ပြုသွားမယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။ 

အစောပိုင်းကာလတွေမှာတော့ အများဆုံးပြင်ဆင်ရတတ်တဲ့ iPhone မျက်နှာပြင် Display ဘက်ထရီနဲ့ ကင်မရာစတဲ့ အစိတ်အပိုင်းတွေကို ဉီးစားပေး ရောင်းချပေးသွားပြီး တခြားအစိတ်အပိုင်းတွေကိုလည်း ၂၀၂၂ ထဲ မှာယူရရှိနိုင်တော့မယ်လို့ ဆိုပါတယ်။

Apple, iPhone အသုံးပြုသူတွေဟာ ကမ္ဘာ့အနှံ့အပြားက Apple Authorized Service Providers ခွင့်ပြုချက်ရပြီးသား ဝန်ဆောင်မှုပေးတဲ့ စင်တာပေါင်း ၅၀၀၀ ကျော်နည်းတူ လက်စွဲအညွှန်း ပြင်ဆင်ကရိယာ လိုအပ်တဲ့အစိတ်အပိုင်း စတာတွေကို မှာယူခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။

မိမိဘာသာ ပြင်ဆင် အသစ်တပ်ဆင်ချင်သူတွေဟာ Apple  Repair Manual လက်စွဲကို သေချာဖတ်ရှုပြီးနောက် အသစ်လဲလှယ်ဖို့လိုအပ်တဲ့အစိတ်အပိုင်းတွေ သုံးစွဲရတဲ့ ကိရိယာတွေမှာကြားရမှာဖြစ်ပါတယ်။

လဲလှယ်လိုက်တဲ့ အစိတ်အပိုင်းအဟောင်းကို ပြန်လည်အသုံးချနိုင်ဖို့ Apple ဆီပြန်ပို့ပေးမယ်ဆိုရင် ဝယ်ယူတဲ့အစိတ်အပိုင်းအဖိုးအခမှာ Credit လျော့စျေးနှုန်းထားတခုရရှိမယ်လို့ Apple ကြေညာချက်မှာ ရေးထားပါတယ်။ 

မိမိဘာသာပြင်ဆင်ဖို့ လိုအပ်တဲ့ ပစ္စည်းနဲ့ ကရိယာပစ္စည်း အမျိုးအစားပေါင်း ၂၀၀ လောက်ကို အွန်လိုင်းစတိုးကတဆင့် မှာယူနိုင်မယ်လို့ ဆိုထားပေမယ့် စျေးနှုန်း ဘယ်လောက် သတ်မှတ်မယ်လို့တော့ မသိရသေးပါဘူး။ 

PHOTO CREDIT- APPLE

3 mins Ago

October 14, 2020

5G အင်တာနက်ဖြင့် ချိတ်ဆက်နိုင်မည့် iPhone 12 စတင်မိတ်ဆက်

5G အင်တာနက်နဲ့ချိတ်ဆက်ပြီးသုံးနိုင်မယ့် iPhone 12 ကို အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာနဲ့ ရောင်းချဖို့ အက်ပဲလ်ကုမ္ပဏီက အောက်တိုဘာ ၁၃ ရက်မှာ မိတ်ဆက်လိုက်ပါတယ်။ အက်ပဲလ်ကုမ္ပဏီကတော့ iPhone 12 ဟာ အဆင့်မြှင့်တင်မှု အများအပြားနဲ့ဖြစ်လို့ ဒီနှစ်ကုန်အထိ ရောင်းအားဆက်တက်မယ်လို့ မျှော်လင့်ထားပါတယ်။ မျက်နှာပြင်အကျယ် ၆ ဒသမ ၁ လက်မရှိတဲ့  iPhone 12 ဟာ ယခင်  iPhone 5 နဲ့ ဆင်တူပြီး မကြာသေးခင်နှစ်တွေက အနားလုံးပုံစံ iPhone ဒီဇိုင်းကနေ ကွဲထွက်ခဲ့ပါတယ်။  ဒါ့အပြင် အက်ပဲလ်ဟာ မျက်နှာပြင်အကျယ် ၅ ဒသမ ၄ လက်မ ရှိတဲ့ ‘Mini’ အမျိုးအစားကို  အမေရိကန်ဒေါ်လာ ၆၉၉ ဒေါ်လာနဲ့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပြီး ကင်မရာ ၃ လုံးပါတဲ့ “Pro” အမျိုးအစားကိုလည်း အမေရိကန်ဒေါ်လာ ၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာပါ။ iPhone 12 နဲ့  iPhone 12 Pro ကနဦးအမှာစာတွေကို အောက်တိုဘာ ၁၆ ရက်မှာ စတင်ပြီး အောက်တိုဘာ ၂၃ ရက်မှာ  ရောင်းချသွားမှာပါ။ iPhone Mini ကိုတော့ နိုဝင်ဘာ ၆ ရက်မှာ စတင်မှာယူနိုင်ပြီး နိုဝင်ဘာ ၁၃ ရက်မှာ ရရှိနိုင်မယ်လို့ ရိုက်တာက တင်ပြထားပါတယ်။ 
1 year Ago
Up